Pages

Wednesday, August 28, 2013

မိခင်နို့အစားထိုး အစားအသောက်များ ရောင်းဝယ်ဖောက်ကားခြင်း ဆိုင်ရာဥပဒေ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းမည်


 28.8.2013

နို့မှုန့်များအားနည်းလမ်းပေါင်းစုံဖြင့်ကြော်ငြာရောင်းချခြင်းများကိုတားမြစ်ပိတ်ပင်ရန်နှင့်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေး ရန်အတွက် မိခင်နို့အစားထိုးအ စားအသောက်များ ရောင်းဝယ် ဖောက်ကားခြင်း ဆိုင်ရာဥပဒေ ကို မြန်မာနိုင်ငံတွင် မကြာမီ ပြ ဋ္ဌာန်းတော့မည်ဖြစ်ကြောင်း သိ ရသည်။

အဆိုပါဥပဒေမှာ မြန်မာ နိုင်ငံတွင်မရှိသေးဘဲ ကုလသမဂ္ဂ မှပြဋ္ဌာန်းထားသော ၁၉၈၃ခုနှစ် မိခင်နို့အစားထိုးအစားအသောက် များရောင်းဝယ်ဖောက်ကားခြင်း ဆိုင်ရာ ကိုဓဥပဒေကိုမှီငြမ်းပြီး ဥပဒေအသစ်ပြဋ္ဌာန်းနိုင်ရန် ယခု အစိုးရသစ်လက်ထက်တွင် အ ကောင်အထည်ဖော်မည်ဖြစ် ကြောင်း သိရသည်။

အဆိုပါဥပဒေကို ပြဋ္ဌာန်း ရခြင်း၏အဓိကရည်ရွယ်ချက်မှာ ခြောက်လအထိ မိခင်နို့တစ်မျိုး တည်းတိုက်ကျွေးခြင်းကို သက် ဆိုင်ရာတာဝန်ရှိသူများက မှန်မှန် ကန်ကန်ပညာပေးနိုင်ရန်နှင့် စီး ပွားရေးလုပ်ငန်းရှင်များက နို့မှုန့် များအား ရောင်းအားတက်စေရန် နည်းလမ်းပေါင်းစုံဖြင့် ကြော်ငြာ နေခြင်း များကို တားမြစ်ပိတ်ပင် ရန်တို့ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ အဆို ပါဥပဒေ အကောင်အထည်ဖော် နိုင်ရေးဆောင်ရွက်နေသူ ကျန်းမာ ရေးဦးစီးဌာန၊ လက်ထောက်ညွှန် ကြားရေးမှူး(အာဟာရ)၊ ဒေါက် တာတင်လင်းက ''ဒီဥပဒေက မြန် မာနိုင်ငံမှာ အခုမှရေးဆွဲဖို့ဆောင် ရွက်နေတာဖြစ်တယ်။ အမျိုးသား အစားအသောက် ဥပဒေမှာတော့ ခြုံငုံပြီးတော့ပဲ ပါရှိတယ်။ ဒီလိုမျိုး သီးသန့်အနေနဲ့မပါတဲ့ အတွက် အမျိုးသားအစားအသောက်ဥ ပဒေမှာပါ ပြဋ္ဌာန်းလို့ရအောင် ဆောင် ရွက်ရခြင်းဖြစ်ပါတယ်''ဟု ပြောကြားသည်။


Yangon Media Group

No comments:

Post a Comment