Pages

Saturday, August 24, 2013

တရုတ် ဆေးကုသရေး သင်္ဘော မြန်မာနိုင်ငံတွင် အခမဲ့ လာရောက် ကုသမည်

သြဂုတ်လ(၂၄)ရက်
Photo: တရုတ် ဆေးကုသရေး သင်္ဘော မြန်မာနိုင်ငံတွင် အခမဲ့ လာရောက် ကုသမည်

23.8.2013

မြန်မာ့တပ်မတော် (ရေ) ၏ ကမ်းလှမ်း ဖိတ်ခေါ်ချက်ကြောင့် ခုတင် ၃၀၀ ဆံ့ တရုတ် ရေတပ် ဆေးကုသရေး သင်္ဘော 'Peace Ark' သည် သြဂုတ်လ ၂၈ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ဆိုက်ရောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် တရုတ် သံရုံးက သတင်း ထုတ်ပြန်ထားသည်။

ယင်းဆေးကုသရေး သင်္ဘောသည် မြန်မာနိုင်ငံတွင် တစ်ပတ်တာ ကြာမြင့်မည်ဖြစ်ပြီး စစ်တပ် ပြည်သူ မခွဲခြားဘဲ မည်သည့် လူနာမဆို ကုသပေးမည် ဖြစ်ကြောင်း၊ ဆေးကုသမှု အပိုင်းတွင် ခွဲစိတ် ကုသမှု များ၊ ကျန်းမာရေး စစ်ဆေးမှုများပါ တစ်ပါတည်း ဆောင်ရွက်ပေးသွားရန် ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းသင်္ဘောတွင် သွားရောက် ကုသလိုသူများသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရထံတွင် စာရင်း ပေးသွင်းရမည် ဖြစ်ပြီး ဆက်သွယ်ရန် အသေးစိတ် ကိုမူ မကြာမီ ထုတ်ပြန်မည် ဖြစ်ကြောင်း တရုတ် သံရုံးထံမှ သိရသည်။

ယင်းသင်္ဘောတွင် လိုက်ပါလာမည့် ဆေးပညာရှင်များသည် တရုတ်ရိုးရာ ဆေးကုထုံးများကို ကုသပေးခြင်း အပြင် ရိုးရာ တိုင်းရင်းဆေး ပညာရပ်ပိုင်းနှင့် ယဉ်ကျေးမှုပိုင်းဆိုင်ရာတို့ကို အပြန်အလှန် ဖလှယ်ကြမည် ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ထုတ်ပြန် သည်။

အရေးပေါ် ဆေးဝါး ထောက်ပံ့မှု ပေးရန်အတွက် စီစဉ် တည်ဆောက်ထား သည့် ယင်းဆေးကုသရေး သင်္ဘောသည် အကျယ်အားဖြင့် လေးထောင် စတုရန်းမီတာ ရှိပြီး၊ အထူး ကြပ်မတ် ကုသဆောင် ၂၀ ခန်းနှင့် ခွဲစိတ်ခန်း ရှစ်ခန်း ပါဝင်ကြောင်း၊ ယင်းကုသဆောင်များတွင် တစ်နေ့လျှင် အကြီးစား ခွဲစိတ်မှု လေးဆယ် ပြုလုပ်နိုင်ရန် စီစဉ်ထားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အဆင့်မြင့် ဆေးရုံများအတိုင်း ဆေးပစ္စည်း ကိရိယာအစုံ ပါဝင်ကြောင်း တရုတ် သံရုံးထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment