Pages

Monday, August 12, 2013

အမျိုးသားကြီးတစ်ဦး မိမိလိင်အင်္ဂါကို ဓားဖြင့်လှီးဖြတ်

သြဂုတ်လ(၁၂)ရက်
အသက် ၅၆ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် မိမိလိင်အင်္ဂါကို ဓားဖြင့် ပြန်လှီးဖြတ်သည့်အမှုတစ်ခု သြဂုတ် ၈ ရက်က ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့နယ်ရဲစခန်းက အတည်ပြုပြောကြားသည်။

“အရက်ကြောင်ကြောင်ပြီး သူ့လိင်အင်္ဂါကို လှီးဖြတ်လိုက်တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမှုဖွင့် အရေးယူ တာတွေ မရှိပါဘူး”ဟု အဆိုပါရဲစခန်းမှ တာဝန်ကျရဲတစ်ဦးက မဇ္ဈိမကို ပြောသည်။

သြဂုတ် ၈ ရက် ည ၆ နာရီအချိန်ခန့်တွင် အဆိုပါအမျိုးသားကြီးသည် ဇနီးနှင့်အတူ ရှိနေရာမှ အိမ်နောက်ဖက်သို့ ထွက်သွားခဲ့ပြီး အချိန်အတန်ကြာသည်အထိ ပြန်မလာသဖြင့် လိုက်လံကြည့်ရှုရာတွင် ၎င်း၏ လိင်အင်္ဂါကို လှီးဖြတ်ထားသည်ကို တွေ့ရှိရခြင်းဖြစ်သည်ဟု ကာယကံရှင်၏ မိသားစုဝင်တစ်ဦးက ရဲကို ထွက်ဆိုထားသည်။

အဆိုပါအမှုအခင်းမျိုးသည် ဒဏ်ရာကို ဆေးရုံ၊ ဆေးခန်းသို့ သွားမပြမီ ရဲဆေးစာရရှိရန် လိုအပ်သဖြင့် ကာယကံရှင် မိသားစုဝင် တစ်ဦးကရဲများကို ထိုသို့ရှင်းလင်း ထွက်ဆိုထားခြင်းဖြစ်သည်။

ကာယကံရှင်သည် အရက်အလွန်အကျွံသောက်သုံးသဖြင့် စိတ်ပိုင်းဆိုင်ရာ ပုံမှန်အခြေအနေမရှိဘဲ ယင်းကဲ့သို့ ပြုလုပ်ခြင်းဖြစ်ပြီး ကြည့်ရှုစစ်ဆေးရာတွင် အမျိုးသားလိင်အင်္ဂါအရင်းတွင် ပြတ်လုနီးပါးပြတ်ရှ ဒဏ်ရာတစ်ချက် ရရှိထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲဌာနက ဆိုသည်။

ထို့ကြောင့် ရဲများက ဆေးစာရေးသား၍ သူ့ကိုသင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့အပ်ခဲ့ရာ ခွဲစိတ်ကုသဆောင်၌ ကုသမှု ခံယူနေပြီး စိုးရိမ်ဖွယ်အခြေအနေလည်း မရှိတော့ကြောင်း ဒဂုံဆိပ်ကမ်းရဲစခန်းမှ စုံစမ်းရရှိသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

No comments:

Post a Comment