Pages

Monday, August 12, 2013

တာလေ ရေဘေးသင့်ပြည်သူများထံ မဇ္ဈိမလူမှုကူညီရေးအသင်းမှ သွားရောက်ကူညီ

သြဂုတ်လ(၁၂)ရက်
Photo: တာလေ ရေဘေးသင့်ပြည်သူများထံ မဇ္ဈိမလူမှုကူညီရေးအသင်းမှ သွားရောက်ကူညီ

12.8.2013

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသများဖြစ်သည့် မြို့နယ်တော်တော်များ၌ မိုးရွာသွန်းမှုများအပြင် တောင်ကျရေများ နှင့် ချောင်းရေများကြောင့် လူနေအိမ်များအတွင်း ရေ၀င်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရာ တာလေမြို့နယ်ခွဲရှိ ကျေးရွာများတွင် ရေဘေးဒဏ်ခံသူများ များပြားကြောင်းသိရ၍ တာချီလိတ်မြို့ရှိ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ အပါအ၀င် လူမှုကူညီရေး အသင်းအဖွဲ့များ နှင့် စေတနာရှင် အလှူရှင်များမှ သွားရောက် ကယ်ဆယ် ပံ့ပိုး လှူဒါန်းခဲ့ကြရာ မဇ္ဈိမလူမှုကူညီရေးအသင်းမှလည်း သွားရောက်၍ ကယ်ဆယ် ထောက်ပံ့ကူညီပံ့ပိုးခဲ့ကြပါသည်။

ထိုသို့ သွားရောက်လှူဒါန်းရာမှာ ရေကဒ် ၁၀၀ နှင့် ခေါက်ဆွဲခြောက်များ မုန့်ဖါများ နှင့် စားစရာများကို အဆိုပါကျေးရွာများသို့ သွားရောက်လှူဒါန်းခဲ့ကြရာ ရေဘေးသင့် ကျေးရွာသူ၊ ကျေးရွာသားများမှာ ၀မ်းသာမှုအပြုံးများဖြင့် လက်ခံရယူကြသည်ကို တွေ့ရသည့်အတွက် များစွာပီတိဖြစ်ရပါသည်။

မဇ္ဈိမလူမှုကူညီရေးအသင်း
12.8.2013ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများဖြစ်သည့်မြို့နယ်တော်တော်များ၌မိုးရွာသွန်းမှုများအပြင် တောင်
ကျရေများ နှင့် ချောင်းရေများကြောင့်လူနေအိမ်များအတွင်း ရေ၀င်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရာ တာလေမြို့နယ်ခွဲရှိ
 ကျေးရွာများတွင် ရေဘေးဒဏ်ခံသူများ များပြားကြောင်းသိရ၍ တာချီလိတ်မြို့ရှိ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ အပါအ၀င် လူမှုကူညီရေး အသင်းအဖွဲ့များ နှင့် စေတနာရှင် အလှူရှင်များမှ သွားရောက် ကယ်ဆယ် ပံ့ပိုး လှူဒါန်းခဲ့ကြရာ မဇ္ဈိမလူမှုကူညီရေးအသင်းမှလည်း သွားရောက်၍ ကယ်ဆယ် ထောက်ပံ့ကူညီပံ့ပိုးခဲ့ကြပါသည်။

ထိုသို့ သွားရောက်လှူဒါန်းရာမှာ ရေကဒ် ၁၀၀ နှင့် ခေါက်ဆွဲခြောက်များ မုန့်ဖါများ နှင့် စားစရာများကို အဆိုပါကျေးရွာများသို့ သွားရောက်လှူဒါန်းခဲ့ကြရာ ရေဘေးသင့် ကျေးရွာသူ၊ ကျေးရွာသားများမှာ ၀မ်းသာမှုအပြုံးများဖြင့် လက်ခံရယူကြသည်ကို တွေ့ရသည့်အတွက် များစွာပီတိဖြစ်ရပါသည်။

မဇ္ဈိမလူမှုကူညီရေးအသင်း

No comments:

Post a Comment