Pages

Wednesday, August 14, 2013

တိုင်းရင်းသားလူငယ်ပေါင်းစုံ စုပေါင်း၍ တောင်ကြီးမြို့တွင် အပြည်ပြည် ဆိုင်ရာလူငယ်များနေ့ ကျင်းပ

သြဂုတ်လ(၁၄)ရက်

Photo: တိုင်းရင်းသားလူငယ်ပေါင်းစုံ စုပေါင်း၍ တောင်ကြီးမြို့တွင် အပြည်ပြည် ဆိုင်ရာလူငယ်များနေ့ ကျင်းပ

14.8.2013

ကမ္ဘာ့အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကိုရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် လူမှုအဖွဲ့အစည်းပေါင်းစုံလူငယ်များက စုပေါင်း၍ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားကြောင်းကော်မတီအဖွဲ့ဝင်လူငယ်တစ်ဦးဖြစ်သူ ခွန်ခေတ်စံ က ပြောသည်။

လူငယ်များနေ့ပထမရက်တွင်ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့အသီးသီးက လူငယ်အဖွဲ့အစည်းများအားလုံး ကိုယ်စားပြုပါဝင်သည့်အသိအမြင် ပိုင်းဆိုင်ရာ လူငယ်များဆွေးနွေးဝိုင်း ပြုလုပ်ခြင်းဖြင့် အသိအမြင် အတွေးအခေါ်များကိုနှီးနှောဖလှယ်မှု ပြုလုပ်ခဲ့သည်။ 

ယနေ့လူငယ်များအဓိကဖြစ်ပျက်တွေ့ကြုံနေရသည့် ပြဿနာများကို ဆွေးနွေးမှုများပြုလုပ်ခြင်း၊ ဓါတ်ပုံပြခန်းများဖြင့်ပြသရာတွင်လည်း လူငယ်များစိတ်ဝင်စားစွာ လာရောက်ကြည့်ရှု့ကြသည်။ 

ဒုတိယရက်တွင်အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ သမိုင်းကြောင်းကို ဖတ်ကြားခြင်း၊ လူငယ်များနေ့မကျင်းပခင်တပတ်အတွင်း ရံပုံငွေရှာရာတွင် ကြုံရသောအတားအဆီး အခက်အခဲများကို ဖလှယ်တင်ပြခြင်း၊ ထိုအစီအစဉ်ပြီးသည့်နောက်လူငယ်များအချင်းချင်း စကားရည်လုပွဲများပြုလုပ်ခြင်း၊ တေးသီးချင်းအစီအစဉ်ဖြင့် ဖျော်ဖြေခြင်းများပြုလုပ်ခဲ့သည်။ 

ည ၆နာရီအချိန်မှစ၍ တက်ရောက်လာသော ပရိတ်သတ်များအား ညစာစားပွဲဧည့်ခင်းကျွေးမွေးရင်း တိုင်းရင်းသားပေါင်းစုံအကဖြင့် ဧည့်ခံဖျော်ဖြေမှုများ ပြုလုပ်သွားခဲ့သည်။ 

တိုင်းရင်းသားပေါင်းစုံရိုးရာအကတွင် ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ ကရင်၊ ချင်း၊ ရှမ်းနှင့် ကိန္နရီကိန္နရာ အကများပါဝင်သည်ဟု ကော်မတီလူငယ်တစ်ဦးဖြစ်သူ ခွန်ဇော် ကပြောသည်။

Taunggyitime

ကမ္ဘာ့အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကိုရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် လူမှုအဖွဲ့အစည်းပေါင်းစုံလူငယ်များက စုပေါင်း၍ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားကြောင်းကော်မတီအဖွဲ့ဝင်လူငယ်တစ်ဦးဖြစ်သူ ခွန်ခေတ်စံ က ပြောသည်။

လူငယ်များနေ့ပထမရက်တွင်ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့အသီးသီးက လူငယ်အဖွဲ့အစည်းများအားလုံး ကိုယ်စားပြုပါဝင်သည့်အသိအမြင် ပိုင်းဆိုင်ရာ လူငယ်များဆွေးနွေးဝိုင်း ပြုလုပ်ခြင်းဖြင့် အသိအမြင် အတွေးအခေါ်များကိုနှီးနှောဖလှယ်မှု ပြုလုပ်ခဲ့သည်။

ယနေ့လူငယ်များအဓိကဖြစ်ပျက်တွေ့ကြုံနေရသည့် ပြဿနာများကို ဆွေးနွေးမှုများပြုလုပ်ခြင်း၊ ဓါတ်ပုံပြခန်းများဖြင့်ပြသရာတွင်လည်း လူငယ်များစိတ်ဝင်စားစွာ လာရောက်ကြည့်ရှု့ကြသည်။

ဒုတိယရက်တွင်အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ သမိုင်းကြောင်းကို ဖတ်ကြားခြင်း၊ လူငယ်များနေ့မကျင်းပခင်တပတ်အတွင်း ရံပုံငွေရှာရာတွင် ကြုံရသောအတားအဆီး အခက်အခဲများကို ဖလှယ်တင်ပြခြင်း၊ ထိုအစီအစဉ်ပြီးသည့်နောက်လူငယ်များအချင်းချင်း
စကားရည်လုပွဲများပြုလုပ်ခြင်း၊ တေးသီးချင်းအစီအစဉ်ဖြင့် ဖျော်ဖြေခြင်းများပြုလုပ်ခဲ့သည်။

ည ၆နာရီအချိန်မှစ၍ တက်ရောက်လာသော ပရိတ်သတ်များအား ညစာစားပွဲဧည့်ခင်းကျွေးမွေးရင်း တိုင်းရင်းသားပေါင်းစုံအကဖြင့် ဧည့်ခံဖျော်ဖြေမှုများ ပြုလုပ်သွားခဲ့သည်။

တိုင်းရင်းသားပေါင်းစုံရိုးရာအကတွင် ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ ကရင်၊ ချင်း၊ ရှမ်းနှင့် ကိန္နရီကိန္နရာ အကများပါဝင်သည်ဟု ကော်မတီလူငယ်တစ်ဦးဖြစ်သူ ခွန်ဇော် ကပြောသည်။

Taunggyitime

No comments:

Post a Comment