27.8.2013
မြန်မာ့ကျောက်မျက်ရတနာ ဥပဒေအရ သက်တမ်းကုန်ဆုံးတော့မည့် မိုးကုတ်နှင့်
မိုင်းရှူး ရတနာနယ်မြေများတွင် လုပ်ကွက် ခွင့်ပြုမိန့်များ ထုတ်ပေးရေးအတွက်
ချိပ်ပိတ် အဆိုပြုလွှာများ ခေါ်ယူနေကြောင်း သတ္တုတွင်းဝန်ကြီးဌာန ကျောက်မျက်
လုပ်ကွက်သစ်များ ခွင့်ပြုမိန့် ချထားပေးရေး ကော်မတီက ကြေညာသည်။
“မြန်မာနိုင်ငံမှာ လုပ်ကွက်အသစ်နယ်မြေ ခြောက်ခုရှိတယ်။ လုပ်ကွက်တစ်ခုကို
သုံးနှစ်သက်တမ်းရှိတယ်။ အခုက သက်တမ်းကုန်လို့ အသစ်ခေါ်တာ” ဟု
မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းတာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။
ယင်းလုပ်ကွက်များတွင် လျှောက်ထားမည့် ကုမ္ပဏီများသည်
အဆိုပြုလွှာများနှင့်အတူ ပုဂ္ဂလိကဘဏ်တစ်ခုခုမှ ငွေစာရင်းကို
ပူးတွဲတင်ပြရမည်ဖြစ်ပြီး ဈေးပြိုင်စနစ်ဖြင့် ချိပ်ပိတ် အဆိုပြုလွှာများ
တင်သွင်းရာတွင် လုပ်ကွက် တစ်ကွက်လျှင် အဆိုပြုလွှာ တစ်စောင်အတွက် အာမခံ
စပေါ်ငွေ ကျပ်ဆယ်သိန်း ပေးဆောင်ရမည် ဖြစ်ကြောင်း ခွင့်ပြုမိန့် ချထားပေးရေး
ကော်မတီထံမှ သိရသည်။
ယင်းရတနာနယ်မြေများမှာ ၂၀၁၃ ခုနှစ် ဇူလိုင်၊
သြဂုတ်နှင့် စက်တင်ဘာလတို့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သြဂုတ်လ ၁၉
ရက်နေ့မှစ၍ စက်တင်ဘာလ ၁၈ ရက်အတွင်း မြန်မာ့ကျောက်မျက်
ရတနာရောင်းဝယ်ရေးလုပ်ငန်း (ရုံးချုပ်) နှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက်
(နေပြည်တော်) တို့တွင် အဆိုပြုလွှာတင်၍ လုပ်ငန်းခွင့်ပြုမိန့်များ လျှောက်
ထားနိုင်ကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း
ထုတ်ပြန်ချက်အရ သိရသည်။
The Voice
No comments:
Post a Comment