Pages

Friday, August 30, 2013

Breaking News အပြောင်းအရွေ့မှာ ငြိမ်နေတဲ့ အာဆင်နယ် ကစားသမားသစ် ခေါ်ပြီ

30.8.2013  Breaking News အပြောင်းအရွေ့မှာ ငြိမ်နေတဲ့ အာဆင်နယ် ကစားသမားသစ် ခေါ်ပြီအပြောင်းအရွေ့ ဈေးကွက်တွင် ငြိမ်နေသော အာဆင်နယ် အသင်းသည် ယခုနှစ် နွေရာသီ ၎င်းတို့၏ ဒုတိယမြောက် ခေါ်ယူမှု တစ်ခုကို ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ အာဆင်နယ် အသင်းတွင် လေ့ကျင့်ခန်း ဆင်းနေသော ပြင်သစ် ကစားသမား ဖလာမီနီသည် အာဆင်နယ် တာဝန်ရှိသူများနှင့် ဗုဒ္ဓဟူးညက ဆွေးနွေးမှု အပြီး (၂)နှစ် စာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။
ဖလာမီနီသည် တစ်ပတ်လုပ်ခ ပေါင်(၅)သောင်းခန့် ခံစားခွင့် ရမည် ဖြစ်ပြီး၊ စာချုပ်ကုန်ပါက ထပ်မံ၍ သက်တမ်း တစ်နှစ် တိုးခွင့် ရှိမည် ဖြစ်သည့် အချက်အလက်ပါကို စာချုပ်တွင် ထည့်သွင်း ချုပ်ဆို ထားသည်။ ဖလာမီနီသည် အေစီမီလန် အသင်းသို့ အလွတ်ပြောင်းရွေ့ကြေးဖြင့် ထွက်ခွာ သွားခဲ့သူ ဖြစ်ပြီး၊ စီးရီးအေတွင် ဒဏ်ရာများဖြင့်သာ ရုန်းကန်နေခဲ့ရသည်။ အေစီမီလန်အသင်းဖြင့် စာချုပ်ကုန်ဆုံးပြီး ယခုနှစ်နွေရာသီတွင် အာဆင်နယ် အသင်းဖြင့် လေ့ကျင့်ခန်း ဆင်းနေခဲ့သည်။
အာစင်ဝင်းဂါး အနေဖြင့် တပည့်ဟောင်း များကို ဒုတိယမြောက် ပြန်လည်ခေါ်ယူမှုများ ပြုလုပ် ထားပြီး၊ ဆိုးကမ်းဘဲ၊ လေမန်း၊ အွန်နရီတို့ပြီးနောက် ဖလာမီနီသည် စတုတ္ထမြောက် ပြန်လည် ခေါ်ယူမှု ဖြစ်ခဲ့သည်။ သို့သော်လည်း အာစင်ဝင်းဂါးသည် ဒီမာရီယာ၊ ရွန်းနီ၊ ကာဘာယီနှင့် ဂိုးသမား တစ်ဦး ခေါ်ယူရေးအား လက်လျော့ အုံးမည် မဟုတ်ပဲ၊ ဆက်လက် ကြိုးစားသွားရန် ပြင်ဆင်နေသည်။
Ref - http://football-cafe.com/index.php

No comments:

Post a Comment