Pages

Sunday, August 18, 2013

Ooredoo မှ 3G စနစ် မိုဘိုင်းဆင်းကတ်များကို ကျပ် ၁၅၀၀ ဖြင့် ရောင်း ချ၍ တစ်မိနစ်လျှင် ၃၅ ကျပ်နှုန်း ကောက်ခံမည်

သြဂုတ်လ(၁၈)ရက်
Photo: Ooredoo မှ 3G စနစ် မိုဘိုင်းဆင်းကတ်များကို ကျပ် ၁၅၀၀ ဖြင့် ရောင်း ချ၍ တစ်မိနစ်လျှင် ၃၅ ကျပ်နှုန်း ကောက်ခံမည်

17.8.2013

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးတင်ဒါ အောင်မြင်ထားသည့် ကာတာနိုင်ငံ အခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီမှ 3G စနစ် မိုဘိုင်းဆင်း ကတ် များကို ကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ဖုန်းခေါ်ဆိုခ များကိုလည်း တစ်မိနစ်လျှင် ၃၅ ကျပ်မှ ကျပ် ၄၀ အတွင်း ကောက်ခံသွား မည် ဖြစ်ကြောင်း သိရသည်။Ooredoo ဆက်သွယ်ရေး ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် လိုင်စင်ရရှိပြီး ခြောက်လအကြာ၌ မိုဘိုင်းဆင်းကတ်များကို စတင် ရောင်းချပေးသွားမည် ဖြစ်သည်။

''ကျွန်တော်တို့ အနေနဲ့ မိုဘိုင်းဆင်းကတ်တွေကို တန်းစီစောင့်ဆိုင်း ပြီး ဈေးကြီး ပေးဝယ်စရာ မလိုအောင် လမ်းဘေးဆိုင် တွေမှာပါ ရောင်း ချပေးသွားမှာပါ။ နောက် ရပ်ကွက်တွေထဲမှာရှိတဲ့ ဆိုင်တွေအထိ လွယ်လွယ်ကူကူ ၀ယ်ယူအသုံးပြု နိုင်အောင် ရောင်းချ ပေးသွားမှာပါ။ ဖုန်းခေါ်ဆိုခကိုလည်း အနည်းဆုံး ဖြစ်အောင် စီစဉ်ထားပါတယ်။ ကျပ် ၃၅ နဲ့ ၄၀ ကြားဆိုတာက ယာယီတွက်ချက် ထားတာပါ။ နောက်ပိုင်း အတည်ပြု ကြေညာတဲ့ အခါမှာ မြန်မာပြည်သူတွေ အားလုံး စိတ်လှုပ်ရှားစေမယ့် ဈေးနှုန်းမျိုးနဲ့ ရောင်းချ ပေးသွားမှာပါ'' ဟု သြဂုတ် ၁၆ ရက်က ပြုလုပ်ခဲ့သည် သတင်းစာ ရှင်းလင်းပွဲ၌ Ooredoo ဆက်သွယ်ရေး ကုမ္ပဏီမှ အကြီးတန်း ကိုယ်စားလှယ်အရာရှိ Mr. Ross Cormack ပြောကြားသည်။

ထို့ပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများတွင် ပထမဆုံး အနေဖြင့် Station ပေါင်း တစ်သောင်းကျော် ဆောက်လုပ်၍ ဆက်သွယ်ရေး ၀န်ဆောင်မှု ၃၅ရာခိုင်နှုန်းကို ပြုလုပ်သွားမည်ဖြစ် ပြီး နောက် ပိုင်း ကျေးလက်ဒေသများ အထိပါ အကောင်အ ထည်ဖော် ဆောင် ရွက်သွားမည် ဖြစ်သော်လည်း အလွန်ဝေးလံ ခေါင်ပါး သည့် ဒေသများကိုမူ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နိုင်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံတွင် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီအနေဖြင့် မိုဘိုင်းဖုန်း ၀န်ဆောင်မှု ၉၇ ရာခိုင်နှုန်းအထိ ပြုလုပ်သွားမည်ဖြစ်ပြီး လာမည့်ငါးနှစ် အတွင်း၌ ၉၉ ရာခိုင်နှုန်းအထိ မြန်မာနိုင်ငံသားများကို အလုပ်အကိုင်များ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Ooredoo မှ Mr.Ross Cormack မီဒီယာများအား ရှင်းလင်း ပြောကြားနေစဉ်
Eleven Media Group

No comments:

Post a Comment