Pages

Tuesday, August 13, 2013

လက်နက်မဲ့အလင်းဝင်ရောက်လာသော SSA(ရွက်ဆစ်)ခွဲထွက် အဖွဲ့ဝင်(၁၃)ဦး နေရပ်ပြန်လိုကြောင်း တင်ပြ



သြဂုတ်လ(၁၃)ရက်

NDAA (မိုင်းလား)အဖွဲ့မှ ပြန်လည်စေလွှတ်ပေးလိုက်သော လက်နက်မဲ့အလင်းဝင်ရောက်ခဲ့သည့် SSA (ရွက်ဆစ်) တပ်ဖွဲ့ဝင်(၁၃)ဦးသည် မိုင်းယောင်းမြို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ နေအိမ်၌ တည်းခိုနေထိုင်စဉ် သြဂုတ်(၁၀)ရက်နေ့တွင် နေရပ်အသီးသီးသို့ ပြန်လိုကြောင်း တင်ပြလာသည်ဟု အစိုးရ ဌာနဆိုင်ရာရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

“လောလောဆယ်တော့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမြမြလွင်အိမ်မှာပဲ နေခိုင်းထားပါတယ်။ မနေ့က သူတို့ ရွာတွေဆီ ပြန်ချင်တဲ့အကြောင်း တင်ပြလာကြပါတယ်။ တာဝန်ရှိသူ အဆင့်ဆင့်ကိုတော့ ဆက်ပြီး တင်ပြထားပါတယ်” ဟု ယင်းရုံးမှ အကြီးအကဲတစ်ဦးက ပြောသည်။

သူကဆက်လက်၍ “ဒီမိုင်းယောင်းမြို့နယ်ထဲက ရွာတွေကပါပဲ၊ လွန်ခဲ့တဲ့ ၁ နှစ်လောက်တုန်းက လူသစ်လုပ်ဖို့ ဖမ်းဆီးခြင်းခံရတဲ့ ၀မ်ကြူ၊ ၀မ်ဒေ၊ ၀မ်တပ်ရွာတွေက ရွာသားတွေပါ၊ အခုတော့ သူတို့ စားဖို့နေဖို့အတွက် တာဝန်ရှိတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက အကုန်ဝိုင်းပြီး စီစဉ်ပေးထားပါတယ်၊ သူတို့လည်း သူတို့မိသားစု တွေနဲ့ အရမ်းတွေ့ချင်နေကြတယ်။ ကိုယ်ချင်းစာပါတယ်၊ သူတို့ပြန်ဖို့ မပြန်ဖို့က ဘာမှ မသိရသေးပါဘူး” ဟု ပြောပြသွားသည်။

အဆိုပါSSA(ရွက်ဆစ်)အဖွဲ့ဝင်(၁၃)ဦးသည်NDAA(မိုင်းလား)အဖွဲ့မှဇူလိုင်လ(၂၈)ရက်နေ့တွင် ပြန်လွှတ် ပေး
ခဲ့သော SSA(ရွက်ဆစ်)ခွဲထွက်အဖွဲ့မှဖြစ်ပြီး လက်နက်မဲ့ အလင်းဝင်ရောက်လာသူ များဖြစ်ကြောင်း၊ မိုင်းယောင်းမြို့နယ်တွင် ဇူလိုင်(၂၄)ရက်နေ့၌ ရွာသား(၅၉)ဦးအား လာရောက်ဖမ်းဆီးသွား သော SSA(ရွက်ဆစ်)အဖွဲ့တွင် ပါဝင်ခဲ့သူများဖြစ်ကြောင်း၊ ရွာသား(၅၉)ဦးအား NDAA (မိုင်းလား)အဖွဲ့မှလာရောက်ကယ်ထုတ်စဉ်၎င်းတို့ကိုလည်းဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ပြန်လည်လွှတ်ပေးခဲ့
သဖြင့် လက်နက်မဲ့အလင်းဝင်လာပြီး နေရပ်အသီးသီသို့ ပြန်ရန်တင်ပြထားကြကြောင်း သိရှိရပါသည်။

စိုင်းအောင်

No comments:

Post a Comment