Pages

Wednesday, August 14, 2013

ပုဂံတွင် ကမ္ဘာလှည့် ခရီးသွားများအား လုယက်မှုများ ရှိသည့်အတွက် နယ်မြေခံရဲနှင့် Tourist Police အဖွဲ့ ပူးပေါင်းကာ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်

သြဂုတ်လ(၁၄)ရက်
Photo: ပုဂံတွင် ကမ္ဘာလှည့် ခရီးသွားများအား လုယက်မှုများ ရှိသည့်အတွက် နယ်မြေခံရဲနှင့် Tourist Police အဖွဲ့ ပူးပေါင်းကာ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်

14.8.2013

ပုဂံညောင်ဦး ဒေသသို့ ကမ္ဘာလှည့် ခရီးသွား အများအပြား လာရောက်လည်ပတ်သည့် ခရီးသွားရာသီ ရောက်ရှိလာပြီဖြစ်ရာ ၎င်းတို့၏ လုံခြုံရေးအတွက် နယ်မြေခံ ရဲတပ်ဖွဲ့နှင့် ကမ္ဘာလှည့် ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့ Tourist Police တို့ ပူးပေါင်းလျက် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်မှုများကို သြဂုတ် ၁၃ ရက်တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ညောင်ဦးခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ကမ္ဘာလှည့် ခရီးသွားလုံခြုံရေး ရဲတပ်ဖွဲ့မှ ပုဂံတပ်ဖွဲ့စုမှူးတို့ ဦးဆောင်ကာ ပုဂံညောင်ဦးသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့် ခရီးသွားများ လုံခြုံရေးအတွက် လုံခြုံရေးကားသုံးစီး၊ ဆိုင်ကယ် ၁၈ စီး၊ စက်ဘီး အစီး ၂၀၊ လှည့်ကင်း၊ ရပ်ကင်းများဖြင့် နံနက်ည ကြပ်မတ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ပြီးခဲ့တဲ့ နိုင်ငံခြားသား အိတ်လုခံရတဲ့ ဖြစ်စဉ်မျိုးတွေ ထပ်မံမဖြစ်ပွားအောင် သူတို့ နေ၀င်၊ နေထွက် ကြည့်ရှုချိန် အသွားအပြန်တွေမှာ ပိုပြီးကြပ်မတ် ဆောင်ရွက်သွားပါမယ်" ဟု ညောင်ဦးခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယခုနှစ်အတွင်း နိုင်ငံခြားသားများထံမှ အိတ်ယူပြေးခြင်း၊ အိတ်လုပြေးခြင်းဖြစ်စဉ်များ ဖြစ်ပွားခဲ့ရာ ယင်းဖြစ်စဉ်များ ထပ်မံမဖြစ်ပွား စေရန်နှင့် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ အမှုမှန် ပေါ်ပေါက်စေရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ပုဂံညောင်ဦးဒေသတွင် ကမ္ဘာလှည့်ခရီးသွား လုံခြုံရေးအတွက် ဆောင်ရွက်မည့် Tourist Police အဖွဲ့

Eleven Media Group

No comments:

Post a Comment