Pages

Monday, September 23, 2013

ငလျင်လှုပ်မှုကြောင့် သမိုင်းဝင်အညာသီဟတောဘုရား ရင်ပြင်တော်ကွဲအက်


23.9.2013

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ကုတ္တက်ကျေးရွာအုပ်စုတွင် စက်တင်ဘာ ၂၀ ရက် ညနေ ၆ နာရီ ၅၅ မိနစ်က အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၇ အဆင့်ရှိသော ငလျင်လှုပ်ခတ် မှုကြောင့် သမိုင်းဝင် အညာ သီဟတောဘုရား ရင်ပြင်တော်သည် ကွဲအက်မှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် စေတီတော်၏ အနောက်တောင်ထောင့်တစ်ခြမ်းသည် လေးလက် မခန့် နိမ့်ကျ သွားခဲ့သည်။ စေတီတော်၏ အနောက်ဘက် ရှစ်ပေခန့်၌ အက်ကြောင်းအရှည် ၉၅ ပေ တစ်ကြောင်း၊ စေတီတော် ၁၅ ပေခန့်အကွာ၌ အရှည်ပေ ၅၀ တစ်ကြောင်း တောင်မြောက်ကွဲအက်ပြီး စေတီတော်၏ အရှေ့ဘက်တွင် အရှည် ၁၅ ပေ အက်ကွဲခဲ့ပြီး ပင်မအညာသီဟတောစေတီတော်ကြီးမှာ ပျက်စီးမှုမရှိကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှုကြောင့် စက်တင်ဘာ ၂၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး  လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ပြည်သူ့ဆောက်လုပ်ရေးမှ တိုင်းအင်ဂျင်နီယာ ဦးအောင်သင်းနှင့်အဖွဲ့၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သန်းနှင့်  မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရာဇာအေးတို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။    

NPE

No comments:

Post a Comment