Pages

Friday, September 13, 2013

(၃၄)ကြိမ်မြောက် မူးယစ်ဆေးဝါးဆိုင်ရာအာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး အိမ်ရှင်အဖြစ်ကျင်းပမည်

(၃၄)ကြိမ်မြောက် မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (34th ASEAN Senior officials on Drug Matters, 34th ASOD) အား မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်။ အစည်း အဝေးကို ရန်ကုန်မြို့ Kandawgyi Palace Hotel ၌၂၀၁၃ ခုနှစ် စက်တင်ဘာ(၂၄)ရက်မှ (၂၇)ရက်အထိ ကျင်းပ မည်ဖြစ်ပြီး အဆိုပါ အစည်းအဝေး သို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘရူနိုင်း၊ ကမ္ဘော ဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံ များမှ အဆင့်မြင့် အရာရှိကြီးများ၊ ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အိန္ဒိယနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ ပြင်ပ အဖွဲ့အစည်းများဖြစ်သော အမေရိကန်နိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအုပ်ချုပ်မှုအဖွဲ့ (DEA) ၊ ဩစတြေးလျ နိုင်ငံပြည်ထောင်စု တပ်ဖွဲ့ (AFP) ၊ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) တို့မှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြ မည်ဖြစ်ကြောင်း သတင်းရရှိသည်။ 







No comments:

Post a Comment