Pages

Thursday, September 12, 2013

ဆိုမာလီပင်လယ်ဓားပြခြောက်ဦးကို စုစုပေါင်း ထောင်ဒဏ် ၁၂၂၂ နှစ်ချမှတ်


တူနာငါးဖမ်း ရေယာဉ်တစ်စင်း၏ သင်္ဘောသားများကို ပြန်ပေးဆွဲရန် ကြိုးပမ်းမှုဖြင့် စပိန်တရားရုံးတစ်ရုံးက ဆိုမာလီ ပင်လယ်ဓားပြ ခြောက်ဦးကို စုစုပေါင်း ထောင်ဒဏ် ၁၂၂၂ နှစ် ချမှတ်လိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက စက်တင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။ ဆိုမာလီ ပင်လယ်ဓားပြများသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလက အိန္ဒိယသမုဒ္ဒရာအတွင်း တူနာငါးဖမ်းဆီးနေသော ငါးဖမ်းရေယာဉ်တစ်စင်းကို ပြန်ပေးဆွဲနိုင်ရေးအတွက် ယင်းငါးဖမ်းရေယာဉ်ပေါ်သို့ တက်ရန် ကြိုးပမ်းခဲ့ပြီး သင်္ဘောသားများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ငါးဖမ်းရေယာဉ်ပေါ်ရှိ လုံခြုံရေးအစောင့်များက ပင်လယ်ဓားပြများကို ပြန်လည်ပစ်ခတ်ခဲ့ရာ ပင်လယ်ဓားပြများ ထွက်ပြေးသွားခဲ့ကြောင်း၊ နောက်တစ်နေ့တွင် နယ်သာလန် စစ်ရေယာဉ်တစ်စင်းက ပင်လယ်ဓားပြများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း စပိန်သတင်းဌာနများက ရေးသားဖော်ပြသည်။ 


(ရိုက်တာ)

No comments:

Post a Comment