Pages

Wednesday, September 25, 2013

မဲခေါင် ဒေသ တွင်း ငါး နိုင်ငံ မှ မြို့ကြီး ငါးမြို့ ကို ခရီးသွား လုပ်ငန်း ကွန်ယက် အဖြစ် ချိတ်ဆက် မည်

25.9.2013

မဲခေါင် ဒေသ တွင်း ငါး နိုင်ငံ ရှိ မြို့ကြီး ငါးမြို့ ကို ခရီးသွား လုပ်ငန်း ကွန်ယက် အဖြစ် ဆောင်ရွက် ရန် သဘောတူ လိုက်ပြီ ဖြစ်ကြောင်း ၁၉-၉-၂၀၁၃ ရက် တွင် သိရ သည်။ အဆိုပါ မြို့ငါးမြို့ တွ င် မြန်မာ နိုင်ငံ မှ ရန်ကုန်မြို့၊ ထိုင်းနိုင်ငံ မှ ဘန်ကောက် မြို့၊ ဗီယက်နမ် နိုင်ငံ မှ ဟိုချီမင်း မြို့၊ လာ အို နိုင်ငံမှ ဗီယမ်ကျင်း မြို့ နှင့် ကမ္ဘောဒီးယား နိုင်ငံ မှ ဖနွင်းပင် မြို့တို့ ပါဝင် ကြောင်း သိရသည်။ 

မြန်မာ နိုင်ငံမှ ကန်တော်ကြီး ဟိုတယ်၊ Park Royal ဟိုတယ် နှင့် Shan Yama၊ Asia Central Link ခရီးသွား လုပ်ငန်း အေဂျင်စီ နှစ်ခု တို့သည် စက်တင်ဘာ လ လယ် တွင် ဗီယက်နမ် နိုင်ငံ ဟို ချီမင်း မြို့ တွင် ကျင်းပ ခဲ့သည့် ITE HCMC 2013 ခရီးသွား ပြပွဲ တွင် Mekong Tourism Alliance Award များ ကို ရရှိခဲ့ ကြောင်း သိရသည်။ ထို့ပြင် မြန်မာ နိုင်ငံ မှ အခြားသော အေဂျင်စီ များ ကို လည်း နိုင်ငံတကာ ဈေးကွက် အသိအမှတ် ပြုခံ လာရပြီ ဖြစ်ပြီး နိုင်ငံ တကာမှ ကမ္ဘာ့လှည့် ခရီး သွား များ ကလည်း မြန်မာ နိုင်ငံ ကို ခရီးသွား လာမှု အကောင်း ဆုံး ဒေသ တစ်ခု အဖြစ် လက်ခံ လာကြပြီ ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် မြန်မာ နိုင်ငံမှ ယခင် ပိတ်ထား သည့် ဒေသများ ကို ဖွင့်လှစ် ပေးလိုက် သည့် အတွက် ခရီး သွား ဦးရေ သည်လည်း တစ်နှစ်ထက် တစ်နှစ် တိုးတက် လာကြောင်း သိရသည်။ အဆိုပါ သဘော တူညီချက် တွင် နိုင်ငံ များ ၏ ယဉ်ကျေးမှု၊ နိုင်ငံများ ကြား ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်း စဉ် များကို အွန်လိုင်း စနစ်မှ တစ်ဆင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရ သည်။ ယင်း စနစ် ကို အသုံးပြု ပြီး အဆိုပါ မြို့ကြီး ငါးမြို့ ၏ ခရီးသွား လုပ်ငန်းများ ကို ကမ္ဘာ့အနှံ့ ရှိ ခရီးသွား များ ဆီသို့ ရောက် ရှိ နိုင်သည် အထိ ဆောင်ရွက်ခြင်း ဖြစ်ပြီး အဓိက အားဖြင့် ဂျပန် နှင့် ဥရောပ ဈေးကွက်များ ကို ရည်ရွယ် ကြောင်း သိရှိရသည် ။

ပြည်မြန်မာ

No comments:

Post a Comment