Pages

Wednesday, September 18, 2013

ရန်ကုန်မြို့တွင်း ယာဉ်ကြောရှုပ်ထွေးမှု မရှိစေရေးနှင့် ယာဉ်ရပ်နားရန် နေရာများအတွက် အသုံးပြုရန် ငွေကျပ် ၀ ဒသမ ၇၅ ဘီလျံကို မြို့တော်ဝန်က တောင်းခံထား

ရန်ကုန်မြို့တွင်း ယာဉ်ကြောရှုပ်ထွေးမှုများ မရှိစေရေးနှင့် ယာဉ်ရပ်နားရန် နေရာများ တည်ဆောက်ရန်အတွက် ငွေကျပ် ၀ ဒသမ ၇၅ ဘီလျံ (ကျပ်သန်း ၇၅၀)ကို ယခုနှစ်အတွင်း သုံးစွဲရန်အတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၏ ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က တင်ပြတောင်းခံထားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် သာမန်အသုံးစရိတ် ၂ ဒသမ ၆၃၈ ဘီလျံ၊ စည်ပင်သာယာ အဖွဲ့အစည်းများတွင် ရင်းနှီးငွေကျပ် ၀ ဒသမ ၂၀၀ ဘီလျံနှင့် ပြည်ပအကူအညီဖြင့် ဆောင်ရွက်မည့် လုပ်ငန်းအသုံးစရိတ် အပါအ၀င် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၂၆ ဒသမ ၂၅၂ ဘီလျံ၊ စုစုပေါင်းကျပ် ၂၉ ဒသမ ၀၉၀ ဘီလျံကို ဖြည့်စွက်ခွင့်ပြုငွေအဖြစ် တောင်းခံထားခြင်းဖြစ်ပြီး ယာဉ်ကြောရှုပ်ထွေး ပိတ်ဆို့များပြားလာခြင်းနှင့် ယာဉ်ရပ်နားရန် နေရာအလုံအလောက် မရှိခြင်းတို့ကြောင့် ယာဉ်ရပ်နားရန် နေရာများ တည်ဆောက်ရာတွင် အသုံးပြုမည့် ငွေကျပ် ၀ ဒသမ ၇၅ ဘီလျံကို ငွေလုံးငွေရင်း အသုံးစရိတ် ခေါင်းစဉ်အောက်တွင် ထည့်သွင်းတောင်းခံထားခြင်း ဖြစ်သည်။

ဖြည့်စွက်ခွင့်ပြု ငွေတောင်းခံထားသည့် ငွေလုံးငွေရင်း အသုံးစရိတ်များ ခေါင်းစဉ်အောက်တွင် ယာဉ်ကြောရှုပ်ထွေးမှု မရှိစေရေးနှင့် ယာဉ်ရပ်နားရန် နေရာများ တည်ဆောက်ရာတွင် အသုံးပြုမည့် ငွေကျပ် ၀ ဒသမ ၇၅ ဘီလျံအပြင် ငမိုးရိပ်၊ လှော်ကားရေလှောင်ကန်များမှ ရေပေးရေးနှင့် လဂွန်းပြင် ရေပေးရေး စီမံကိန်း၊ မြို့သစ်ရေးပေးရေးနှင့် ရေသန့်လုပ်ငန်းများအတွက် ကျပ် ၁၄ ဒသမ ၈၆၅ ဘီလျံနှင့် အခြားသော ကိစ္စရပ်များ အတွက်လည်း ပါဝင်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၏ တင်ပြချက်များအရ သိရသည်။

(ရန်ကုန်မြို့တွင်း ယာဉ်ကြောရှုပ်ထွေးနေသည့် အနော်ရထာလမ်း တစ်နေရာအား စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်))

No comments:

Post a Comment