Pages

Tuesday, September 24, 2013

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ စင်ကာပူ၌ မထင်မှတ်ဘဲ တွေ့ဆုံ

(စက်တင်ဘာ ၂၂ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေသော သက်ဆင် (Photo:thaksin's instagram))

24.9.2013

စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ တို့သည် တနင်္ဂနွေနေ့တွင် စင်ကာပူ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ လာရောက်ကြည့်ရှုရာ၌ မထင်မှတ်ဘဲ တွေ့ဆုံခဲ့ကြကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ Instagram တွင် တင်ထားသည့် ဓာတ်ပုံကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြခဲ့သည်။

မစ္စတာသက်ဆင်က သူသည် စင်ကာပူ နိုင်ငံသို့ စီးပွားရေးကိစ္စနှင့် ရောက်ရှိနေသော ၎င်း၏သမီးနှစ်ဦးနှင့် သမက်ဖြစ်သူတို့နှင့် တွေ့ဆုံရန်အတွက် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်ဟု ဆိုသည်။ Instagram တွင် မစ္စတာသက်ဆင်က တနင်္လာနေ့ နံနက်တွင် ''ကျွန်တော် ဒေါ်အောင်ဆန်း စုကြည်နဲ့ ဖော်မြူလာဝမ်း ပြိုင်ပွဲမှာ မထင်မှတ်ဘဲ တွေ့ဆုံခဲ့ရတယ်။ သူမ ကျန်းကျန်း မာမာနဲ့ ပျော်ပျော်ရွှင်ရွှင်ပါပဲ'' ဟု ရေးသားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံသို့ စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၄ အထိ ရောက်ရှိနေခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း စင်ကာပူနိုင်ငံ သမ္မတ၊ ၀န်ကြီးချုပ်၊ ၀ါရင့်ဝန်ကြီး၊ လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တနင်္လာနေ့တွင် တွေ့ဆုံရန် စီစဉ်ထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံမည့်သူများ စာရင်းတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိတွင် တိမ်းရှောင်နေရသည့် သက်ဆင်နှင့် တွေ့ဆုံရန် ပါရှိခြင်း မရှိဘဲ စင်ကာပူနိုင်ငံတွင် ကျင်းပနေသည့် ဖော်မြူလာဝမ်း ကားပြိုင်ပွဲကို သွားရောက်ကြည့်ရှုရာတွင် ယခုလို တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

Eleven

No comments:

Post a Comment