Pages

Tuesday, September 17, 2013

မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးမှု ရက် သတ္တပတ် ဆွေးနွေးပွဲ ကို ဝန်ကြီး ဌာန ၁၂ ခု နှင့် အဖွဲ့ ၁၂ ဖွဲ့ တို့ ပထမဆုံး အကြိမ် ပူးပေါင်း ကျင်းပမည်

မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင် များ အသင်း ချုပ် ၏ သက်တမ်း တွင် ပထမဆုံး အကြိမ် ရက် အရှည်ကြာ ဆုံး အဖြစ် နိုင်ငံ တကာ အဖွဲ့ အစည်း များ နှင့် အကြီးစား အလုပ်ရုံ ဆွေးနွေးပွဲ ကြီး ကို အဖွဲ့ ၁၂ ဖွဲ့ နှင့် ဝန်ကြီး ဌာန ၁၂ ခု တို့ ပူးပေါင်းပြီး ကျင်းပ သွားရန် ရှိကြောင်း အသင်းချုပ် ၏ ဥက္ကဋ္ဌ ဦးဝင်းအောင် က ၁၃.၉.၂၀၁၃ ရက် တွင် ထုတ်ဖော် ပြောကြား လိုက်သည်။
အသင်းချုပ် က ကြီးမှူး ကျင်းပ သော နိုင်ငံတကာ နှင့် ပေါင်းစပ် အလုပ်ရုံ ဆွေးနွေး ပွဲ တွင် ယခု ကျင်းပ မည့် Myanmar Business and Development Week အစီအစဉ်မှာ စက်တင်ဘာ ၂၃ ရက် မှ ၂၇ ရက် အထိ စုစုပေါင်း ငါးရက် ကြာမြင့် မည်ဟု သိရသည်။ “ ဝန်ကြီး ဌာန ၁၂ ခု ကို အဓိက ထားပြီး ဖိတ်ထား တယ်။ ဒါက အသင်းချုပ် ရဲ့ သက်တမ်း မှာ ပထမဆုံး အကြိမ် ပဲ” ဟု အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင် က ပြောကြား သည်။
အဆိုပါ ပွဲ အတွက် ဘန်ကောက် မြို့ရုံး ရှိ ကုလ သမဂ္ဂ ၏ အာရှ နှင့် ပစိဖိတ် ဒေသ ဆိုင်ရာ စီးပွားရေး နှင့် လူမှုရေး ကော်မရှင်ရုံး ( UNESCAP ) မှ အသင်းချုပ် ကို ပေးပို့ အကြောင်း ကြား လာခြင်း ဖြစ်ပြီး အသင်းချုပ် က ဖြစ်မြောက်ရေး အတွက် စီစဉ် ရခြင်း ဖြစ်သည် ဟု သိရ သည်။ “ ဒီ ပွဲကျရင် ဆွေးနွေး မှာ က Topic တွေ အများကြီး ဖြစ်မယ်။ မြန်မာ နိုင်ငံ အတွက် ဆွေးနွေး ဖို့ အသင့်ဆုံး ကိစ္စ တွေ ဒီမှာ ပွင့်ပွင့် လင်းလင်း ဆွေးနွေး ကြမှာ ” ဟု ဦးဝင်းအောင် က ပြောကြား သည်။
အသင်းချုပ် တွင် ကျင်းပ မည့် Myanmar Business and Development Week အတွက် အသင်းချုပ် အပါ အဝင် UNE SCAP, ADB, GLZ, ICC, GMS Business Forum, CSR, UNDP, UNEP, UN ( မြန်မာ ), World Bank Group နှင့် အာဆီယံ အတွင်း ရေးမှူး ရုံး အစ ရှိသော အဖွဲ့ အစည်း များ နှင့် ဝန်ကြီး ဌာန ၁၂ ခု တို့က ဦးဆောင် ဆွေးနွေး ကြမည် ဖြစ်ကြောင်း သိရ ကာ မြန်မာ နိုင်ငံ အစိုးရ ဘက်မှ သက်ဆိုင်ရာ ဝန်ကြီး ဌာနများ မှ အရာရှိကြီး များ တက်ရောက် ကြမည် ဟု သိရကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ လ ၁၉ ရက်နေ့ ထုတ် ပြည်မြန်မာ ဂျာနယ် တွင် ဖော်ပြ ထား ပါသည်။

No comments:

Post a Comment