Pages

Friday, September 13, 2013

တောင်ကိုရီးယားမှာ ဘာကြောင့် ဗေဒင်ဆရာတွေ များလာ


ယနေ့ခေတ်မှာ ဗေဒင်ပညာကို ယုံကြည်မှုတွေများပြားလာနေပါတယ်။ မြန်မာတွေသာ ဗေဒင်ယုံ ကြည်တာ မဟုတ်ပါ။ တောင်ကိုရီးယားနိုင်ငံမှာလည်း ဗေဒင်ကို ယုံနေကြပါတယ်တဲ့။ 

တောင်ကိုရီးယားမှာဆိုရင် ကျောင်းသားမိဘ တွေဟာ သူတိုရဲ့ သားသမီးတွေရဲ့ ပညားရေးအတွက် ကြိုတင် သိရှိ နိုင် အောင်လို့ ဗေဒင်ဆရာနဲ့ တိုင်ပင် မေးကြတာပါလို့ ရိုက်တာ သတင်းတပုဒ်မှာ ဆိုပါ တယ်။

သူတို့ သားသမီးတွေ တက္ကသိုလ်တက်ရောက်တဲ့အခါမှာ ဘယ်အဓိက ဘာသာရပ်ကို တက်ရောက် သင်ကြားခွင့် ရနိုင် မရနိုင် သိရှိနိုင်ဖို့နဲ့ ကိုယ့်သား၊ သမီးတွေ သက်ဆိုင်ရာ ကောင်းတဲ့ ဘာသာရပ် တက်ရောက်နိုင်အောင် ဗေဒင်ဆရာဆီ မှာ လာရောက်မေးမြန်းကြ တာပါတဲ့။

တောင်ကိုရီးယားမှာ ရှိတဲ့ ကျောင်းသားမိဘာတွေဟာ သူတို့သား သမီးတွေရဲ့ ပညာရေးကို ဦးစားပေး လုပ်ဆောင် ပေး ကြ ပါတယ်။ ပညာရေးနဲ့ ပတ်သက်လာရင်လည်း ပြိုင်ဆိုင်မှုတွေ အလွန်များလွန်းပါ တယ်တဲ့။

တက္ကသိုလ်မတက်ရောက်ခွင့်မရတဲ့ အပေါ်မှာ ကျောင်းသူ ကျောင်းသားတွေဟာ တစ်ခါတရံမှာ ကိုယ့် ကိုယ် သေကြောင်းကြံမှုတွေလည်း ရှိပါတယ်တဲ့။ ဒါကြောင့် မိဘတွေဟာ သားသမီးတွေရဲ့ ပညားရေး အတွက် ဗေဒင်ဆရာကို အားကိုးလာကြတာပါတဲ့။

ဒါကြောင့် တောင်ကိုးရီးယားမှာ ဗေဒင်ပညာရပ်ဟာ ခေတ်စားလာနေတာဖြစ်ပါတယ်တဲ့။ စီးပွားရေး လုပ်ငန်းရှင်တွေကအစ ဗေဒင်ဆရာဆီမှာ လာရောက် မေးမြန်း တိုင်ပင်ကြပါတယ်။ ဗေဒင်ဆရာ ဥာဏ်ပူ
ဇော်ခ ကတော့ ၁ နာရီကို ကိုရီယား ငွေ ယွမ် ၅ သောင်းမှ ၁ သိန်းထိ ရှိပါ တယ်တဲ့။

အမေရိကန်ဒေါ်လာနဲ့ ဆိုရင် တော့ ( ၄၅ ဒေါ်လာကနေ ဒေါ်လာ ၉၀ အထိ) ကုန်ကျပါတယ်တဲ့။
ဈေးကွက်ရဲ့ တောင်းဆိုမှုကြောင့် ဗေဒင်ဆရာတွေ ယခုဆိုရင် တောင်ကိုရီးယားနိုင်ငံမှာ ဗေဒင်ဆရာပေါင်း ၁ သိန်း နီးပါး လောက်ရှိလာပါပြီလို့ ရိုက်တာ သတင်းတစ်ပုဒ်က ဆိုပါတယ်။

Irrawaddy

No comments:

Post a Comment