Pages

Saturday, September 14, 2013

ဧရာဝတီမြစ်ရေ ညောင်ဦးမြို့တွင် ရုတ်တရက် တိုးလာ

ညောင်ဦးမြို့၏ ဧရာဝတီမြစ်ရေသည် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းမှ စတင်၍ ရုတ်တရက် တိုးမြင့်လာကြောင်း သိရသည်။

''နံနက် ၄ နာရီလောက်ရေတွေဝင်လာလို့ ပစ္စည်းတွေ ရုတ်တရက် ရွှေ့ပြောင်း လိုက်ရတယ်'' ဟု ဧရာဝတီမြစ်အနီး မှန်ကြို ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ဆိုသည်။ ဧရာဝတီမြစ်ရေသည် ထိုနေ့ မွန်းလွဲ ပိုင်း ၁ နာရီခန့်အထိ ကမ်းပါးအနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ တ...
ိုးဝင်လျက်ရှိ ကြောင်း သိရသည်။ ''မနေ့ည ၈ နာရီလောက်ကတည်းက စတိုးနေတာ။ ဆန်တန်း၊ ဈေးတန်းမြောက်၊ မှန်ကြို၊ ရေ၀င်၊ ရေနံစုစတဲ့ ရပ်ကွက်တွေရဲ့ ကမ်းနားအနိမ့်ပိုင်းနေရာတွေ ၀င်နေပြီ''ဟု ရေ၀င်ရပ်ကွက်တွင် နေထိုင်သူတစ်ဦး ပြောကြားသည်။ ညောင်ဦးမြို့၏ ဧရာဝတီမြစ်ရေသည် စက်တင်ဘာ ၁၁ ရက်တွင် ၂၀၄၈ စင်တီမီတာဖြစ်သော်လည်း စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတိုင်းထွာချက်အရ ၂၀၇၂ စင်တီမီတာရှိကြောင်း၊ စိုးရိမ်ရေမှတ်မှာ ၂၁၂၀ စင်တီမီတာဖြစ်ကြောင်း သိရသည်။

 ကိုနော်(ပုဂံ)

No comments:

Post a Comment