ဝေးဝေးပြေးပါအဆိပ်သတ္တ၀ါ-
လူတွေဟာအိပ်ရာဝင်တဲ့အခါတစ်ခါတစ်ရံအခံရဆိုးတဲ့ကြမ်းပိုးကိုက်ခြင်း ကိုလည်းခံရတတ်ပါသည်။ပုရွက်ဆိတ်လို အကောင်အသေးစားမျိုးလည်းအိပ်ရာပေါ် တက်လာတတ်သလို အဆင်မသင့်ရင် အဆိပ်ရှိသတ္တ၀ါတွေ
လည်းတက်လာတတ်ပါတယ်။
ဒီလိုဖြစ်ရင်တော့ မိမိအိပ်တဲ့ ခုတင်အပေါ်ထောင့်လေးထောင့်မှာသံပုရာသီး လတ်လတ်ဆတ်ဆတ် တစ်လုံးစီ ထားပေးပါ ။ပြီးတော့ မိမိ အိပ်ရာအောက်ဖျာ(သို့မဟုတ်)မွေ့ရာအောက်မှာ အသုံးပြုပြီး (အရည်ညှစ်ပြီး) သံပုရာသီးအခွံအပြင်သားကိုဓားဖြင့်ပါးပါးနွှာယူပြီးအိပ်ရာခေါင်းရင်း၊ခြေရင်းတွေမှာသင့်တော်သလိုခင်းထားပေးပါ။ခုတင်ပေါ်မှာထားတဲ့ သံပုရာသီးတွေကိုညိုးနွမ်းသွားရင်လတ်လတ်ဆတ်ဆတ်နှင့်ပြန်လဲပေးပါ။အိပ်
ရာအောက်မှာ ခင်းထားတဲ့ သံပုရာခွံ ပါးပါးလေးတွေကိုတော့(၆)လတစ်ကြိမ်လဲပေးပါ။
အကျိုးကျေးဇူးတွေကတော့သံပုရာနံ့ကြောင့်ဘယ်အချိန် အိပ်ရာဝင်ဝင်အမူးအဝေပျောက်ခြင်း၊ အနှောက်အယှက် ပယောဂ မပြုစားနိုင်ခြင်း၊အဆိပ်ရှိသတ္တ၀ါဆိုတဲ့မြွေကင်းတွေလုံးဝအနားမကပ်နိုင်ခြင်း၊အခံရဆိုးတဲ့ကြမ်းပိုးကိုက်ခြင်း လုံးဝ (လုံးဝ)မရှိခြင်း (၄င်းအဥပါပျောက်ခြင်း)အလွန်သေးငယ်တဲ့ပုရွက်ဆိတ်လိုအကောင်ငယ်များ လုံးဝအနားမကပ်နိုင်ခြင်းတို့ပဲဖြစ်တယ်။
Ohn Mya
No comments:
Post a Comment