Pages

Wednesday, September 25, 2013

ဗိုက်ကြောပြတ်ခြင်း ကုသရန်၊ ကာကွယ်ရန် နည်းလမ်းများ



25.9.2013

ဝခြင်းကြောင့်ဖြစ်စေ၊ အကွေး အဆန့်များခြင်းကြောင့်ဖြစ်စေ အ ကြောပြတ်ခြင်း (stretch mark) ဖြစ်ပေါ်ပါတယ်။ ၀မ်းဗိုက်၊ ပေါင်၊ တင်ပါး၊ ရင်သား၊ လက်မောင်း၊ ဒူးဆစ်၊ တံတောင်ဆစ်များမှာ အဖြစ် များပါတယ်။

လိမ်းဆေးများ

အကြောပြတ်ရာတွေကို စဖြစ် ဖြစ်ချင်း သီတင်းခြောက်ပတ်ထက် မကျော်စေဘဲ လိမ်းဆေးလိမ်းတာ ဟာ အကောင်းဆုံးဖြစ်ပါတယ်။ Retin-A၊ adapalene ၊ tazarotene တို့ပါဝင်တဲ့လိမ်းဆေးတွေ လိမ်းနိုင်ပါတယ်။

လေဆာကုထုံး

လေဆာကုထုံးဟာ အချိန်အ လွန်ကုန်ပြီး စရိတ်စကလည်းကြီးလေ့ ရှိပေမယ့် စိတ်တိုင်းကျတဲ့ ရလဒ်မျိုးရ ရှိဖို့ ခဲယဉ်းပါတယ်။ အကြောပြတ် ရာတွေနုနယ်စဉ်အချိန်မှာသာ ထိထိ ရောက်ရောက်ကုသနိုင်ပြီး ကြာလာ တာနှင့်အမျှ လေဆာကုထုံးနှင့် ပျောက်ကင်းဖို့ခက်ပါတယ်။

အရေပြားတိုက်စားခြင်း

အရေပြား အပေါ်ယံလွှာကို တိုက်စားပြီး အောက်ခြေရှိ လတ် ဆတ်ကျန်းမာသော အရေပြားအလွှာ ကိုရယူတဲ့ နည်းလမ်းဖြစ်ပါတယ်။ လိမ်းဆေး၊ လေဆာကုထုံးများနှင့် မပျောက်ကင်းတဲ့ အကြောပြတ်ရာ တွေကိုထိရောက်စွာ ကုသနိုင်ပါ တယ်။

ကာကွယ်ခြင်း

အရေပြားအစိုဓါတ်ထိန်းဆေး ( moisturizer) များဟာ အရေပြား ခြောက်သွေ့ခြင်းကို ကာကွယ်ရုံသာမ က အဆစ်အကွေးအဆန့်ပြုလုပ်တဲ့အခါမှာလည်း အရေပြားကို အလိုက် သင့် ကျုံ့ဆန့်နိုင်စေပါတယ်။ သံလွင် ဆီ (olive oil) ကိုနေ့စဉ်လိမ်းပေး လျှင် အကြောပြတ်ခြင်းကို ကာကွယ် ပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်ချ ခြင်းဟာလည်း အကြောပြတ်ခြင်းကို ကာကွယ်နိုင်တာကြောင့် ကိုယ်ဝန် ဆောင်မိခင်များအနေနှင့် အ၀မလွန် စေဖို့ ဂရုစိုက်သင့်ပါတယ်။

ဇော်ကို
Source:RD


Health Updates Journal

No comments:

Post a Comment