Pages

Wednesday, September 25, 2013

သွေးတွင်းအချိုဓါတ် အတက်အကျဖြစ်စေသည့် အကြောင်းများ



25/9/2013

ကဖင်း

ကော်ဖီသောက်ပြီး နာရီပိုင်း အတွင်း သွေးချိုတက်တတ်သည်။ သကြားနှင့် နို့ဆီလုံးဝမပါသော ဘလက်ကော်ဖီ စစ်စစ် သောက်လျှင် ပင် ကဖင်းဓါတ်ကြောင့် သွေးချိုတက် တတ်သည်။

တရုတ်အစားအစာ

အဆီများသောအစားအစာ၊ ဟင်းအနှစ်များသော အစားအစာ များသည် ရက်အတန်ကြာ သွေးချို တက်စေသည်။ ကာဗိုဟိုက်ဒရိတ်နှင့် အဆီပါဝင်မှုများသည့် ပီဇာ၊ အာလူး ကြော်၊ ဒံပေါက်စသည့် အစားအစာ များသည်လည်း သွေးချိုတက်စေ သည်။

အအေးမိတုပ်ကွေး

အဖျားရှိ သည်နှင့်သွေးချိုတက် သည်။ ရေဓါတ်ပြည့်ဝနေစေရန် အရည်များများသောက်ပါ။ ပိုးသတ် ဆေးအချို့နှင့် ချွဲပျော်ဆေးများသည် လည်း သွေးချိုပမာဏကို အနည်း ငယ်တက်စေသည်။

အပူချိန်

အပူချိန်သည် သွေးတွင်းအချို ဓါတ်ကို ထိန်းသိမ်းရခက်စေသည်။ အပူချိန်များသည့် ရာသီဥတု တွင် ရေများများသောက်ပါ။ သွေးတွင်း အချိုဓါတ်ပမာဏကို မကြာခဏ စစ်ပေးပါ။

အရက်

အရက်တွင် ကာဗိုဟိုက်ဒရိတ်အမြောက်အမြားပါဝင်သောကြောင့် အရက်သောက်ပြီးမကြာခင် သွေး တွင်း အချိုဓါတ် အလျှင်အမြန်မြင့် တက်လာတတ်သည်။ သို့သော်အရက်သောက်ပြီး(၁၂) နာရီကျော် သည် နှင့် ချက်ချင်းပြန်ကျလေ့ရှိရာ အရက်နှင့်အတူ အစာနည်းနည်း တွဲဖက်စားမှ သွေးတွင်းအချိုဓါတ်ကို တည်ငြိမ်အောင်ထိန်းထားနိုင်မည် ဖြစ်သည်။

လေ့ကျင့်ခန်း

ကိုယ်လက်လှုပ်ရှားလေ့ကျင့် ခန်းပြုလုပ်ပြီးပြီးချင်း သွေးချိုဓါတ် မြင့်တက်လာပြီး ချက်ချင်းပြန်ကျ တတ် သည်။အစာလျှော့စားထားပြီး သွေးချိုထိန်းဆေးပါသောက်ထားသူများ၌ လေ့ကျင့်ခန်းပြုလုပ်ပြီးလျှင် သွေးချိုဓါတ်အလွန်အမင်းကျဆင်း တတ်သည်။ ထို့ကြောင့် လေ့ကျင့် ခန်းမလုပ်မီ အစာနည်းနည်းစား ထားပါ။

ဇော်ကို
Source:WebMD


Health Updates Journal

No comments:

Post a Comment