အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ်ရန် အတွက် အရပ်ဘက်အဖွဲ့ အစည်းပေါင်းခြောက်ဆယ်ကျော်က အစိုးရထံ တင်ပြထားပြီး လက်ရှိတွင် မြို့နယ်လေးခုသာ ခွင့်ပြုမိန့်ရ ထားသေးကြောင်း ဦးဆောင်သူများက မဇ္ဈိမကိုပြောကြားသည်။
စက်တင်ဘာ ၂၁ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့အထိမ်းအမှတ်အဖြစ် မြို့နယ် ရှစ်မြို့နယ်ကို စီတန်းလှည့်လည်မည်ဖြစ်ပြီး ပြည်သူ့ရင်ပြင်တွင် ပြီးဆုံးမည်ဟု သတ်မှတ်ထားသော်လည်း အာဏာပိုင် များက မြို့နယ်လေးခုသာ ခွင့်ပြုထားခြင်းဖြစ်သည်။
“မြို့နယ်လေးခုတော့ ကျန်သေးတာပေါ့။ လေးခုကတော့ အဆင်ပြေသွားပြီ။ ပြည်သူ့ရင်ပြင်မှာ ခွင့်ပြုချက်ရဖို့တော့ ကျွန်တော်တို့ဆွေးနွေးနေတုန်းပါ
ယခုကိစ္စနှင့်ပတ်သက်၍ စက်တင်ဘာ ၁၇ က မြန်မာသတင်းစာဆရာများ ကွန်ရက်တွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ပြီး လှည့်လည် ရန်လူသုံးရာအတွက် ခွင့်ပြုမိန့်တောင်ထားသော်လည်း လူတစ်ရာ အတွက် သာ ခွင့်ပြုမိန့်ရနိုင်ကြောင်း ဦးဆောင်သူများက ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။
ခွင့်ပြုချက်ရသည့် မြို့နယ်များမှာ ကျောက်တံတား၊ ကြည့်မြင်တိုင်၊ လမ်းမ တော်၊ စမ်းချောင်းတို့ဖြစ်ပြီးမွန်း လွဲ ၁၂ နာရီခန့်တွင် မဟာဗန္ဓုလ ပန်းခြံမှ စတင် လမ်းလျှောက်မည်ဖြစ်ပြီး ပြည်သူ့ရင်ပြင်တွင် ဖွဲ့များ အားလုံးဆုံစည်း ကာ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲများကျင်းပကြမည်ဖြစ်
အထိမ်းအမှတ်ပွဲအတွက် အင်္ကျီအထည် ငါးထောင်ဆေးရိုက်ကာ စတစ်ကာ သုံးသောင်းခန့် ရိုက်နှိပ်ရန် ခန့်မှန်း ထားသော်လည်း အသုံးစရိတ်ငွေ အခက် အခဲကြောင့် အင်္ကျီတစ်ထောင်နှင့် စတစ်ကာတစ်သောင်းခန့် သာရိုက်ထား ကြသည်။
ပြည်သူ့ရင်ပြင်တွင် ငြိမ်းချမ်းရေးပြခန်းများ ပြုလုပ်မည်ဖြစ်ပြီး ကဗျာပြခန်း များ၊ ကဗျာရွတ်ဆိုပွဲများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပြခန်း၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ငြိမ်းချမ်းရေးပြခန်း။ ကာတွန်း၊ ပန်းချီများ ပါဝင်မည်ဖြစ်ကာ Graffiti Performance, ရုပ်ပြောင်ရေးဆွဲပေးခြင်းများ၊ တိုင်းရင်းသား
ရိုးရာ များနှင့် အခြားပျော်ပွဲ၊ ရွှင်ပွဲများ ပြုလုပ်သွားမည်ဟု စီစဉ်ထားကြသည်။
Mizzima
No comments:
Post a Comment