Pages

Saturday, September 14, 2013

သုံးခွနှင့် ဒလမြို့နယ်များတွင် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုများ ပပျောက်ရေး

ရန်ကုန်တိုင်းဒေသကြီးသုံးခွမြို့နယ်နှင့် ဒလမြို့နယ်များတွင် (၂၀၁၃)ခုနှစ်၊ စက်တင်ဘာ(၁၃)ရက်က မုဒိမ်းမှုနှင့် သက်ငယ် မုဒိမ်းမှုများ ပပျောက်ရေးအတွက် တရားဝင်ခွင်ြ့ပုချက်နှင့် ဒေသခံပြည်သူများမှ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။ ဆန္ဒဖော် ထုတ်သောအခါ သုံးခွမြို့နယ်၊ လသာကုန်းကျေးရွာနေ ဦးမောင်သစ်မှ ဦးဆောင်ပြီး ပြည်သူအယောက်(၈၀)
ခန့် ပါဝင်သော အဖွဲ့သည် လသာကုန်းကျေးရွာ ရွာလယ်လမ်းတွင်ကြွေးကြော်သံများ ပါဝင်သော သတ်မှတ်ဆိုင်းဘုတ်များကို ကိုင်ဆောင်ကြွေးကြော်ခဲ့ကြကြောင်း မုဒိမ်းမှုမဖြစ်ပွားရေး၊ မုဒိမ်းမှုပပျောက်ရေး၊ မိန်းကလေးငယ်များကို ဂရုတစိုက် ထိန်းသိမ်း စောင့်ရှောက်ရေး တို့ကိုဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။ အလားတူဒလမြို့နယ်တွင်လည်း ဒလမြို့နယ်၊ ဗညားဒလ ရပ်ကွက်နေ ဒေါ်စုစုသန်းမှ ဦးဆောင်ပြီး ပြည်သူအယောက်(၄၀)ခန့်ပါဝင်သော အဖွဲ့သည် ဒလမြို့၊ ရာဇသင်္ကြန် ရပ်ကွက်၊ မဟာသင်္ကြန်ဘုရားကြီးအနီးကွင်းပြင်မှ ကနောင်မင်းသားကြီးလမ်းနှင့် ဒလ-တွံတေးကားလမ်းအတိုင်း ဒလနာရီစင်အထိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြရာ ဆန္ဒထုတ်ဖော်သူများမှ သတ်မှတ်ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ကြွေးကြော်ခဲ့ ကြသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း သြဂုတ်လက မုဒိမ်းမှုစုစုပေါင်း(၁၅)မှု ဖြစ်ပွားခဲ့ပြီး မြန်မာ တစ်နိုင်ငံ လုံးအတိုင်းအတာအနေဖြင့်ဘ မုဒိမ်းမှုစုစုပေါင်း (၇၁)မှ.ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

SkyNet TV Browser

No comments:

Post a Comment