Pages

Monday, September 23, 2013

မြန်မာ ပြောင်းလဲမှုက တဖက်သတ် ဆန်တဲ့ ပြောင်းလဲမှုလို့ ဒေါ်စုဆို




23.9.2013

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်္ကာပူနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းကို ပြောင်းရမယ်လို့ ပြောခဲ့သလို မြန်မာနိုင်ငံမှာ

ဖြစ်ပေါ်နေတဲ့ ပြုပြင် ပြောင်းလဲမှု တွေဟာလည်း အတိုက်အခံနဲ့ အစိုးရတို့ ညှိနှိုင်း တိုင်ပင် လုပ်ဆောင်သွားတဲ့ ပြောင်းလဲမှုမဟုတ်ပဲ တဖက်သတ်ဆန် တဲ့ ပြုပြင်ပြောင်းလဲမှုသာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

စင်္ကာပူ နိုင်ငံ ခရီးစဉ်အတွင်း မြန်မာ မိ သား စု တွေ နဲ့ တွေ့ဆုံ စဉ်မှာ ပြောခဲ့ တာ ဖြစ်ပါတယ်။

ဟန်ဂေရီ၊ ချက်နဲ့ ပို လန် နိုင် ငံ မှာ ဖြစ် ခဲ့ တဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး တွေမှာ အတိုက် အခံဖက်နဲ့ အာဏာရှင်ဖက် ဆွေးနွေး ညှိနှိုင်းပြီးမှ ဆုံးဖြတ်ချက်တွေ၊ ဖွဲ့စည်းပုံ အခြေခံ ဥ ပ ဒေ တွေ ရေး ဆွဲ ကြတာ ဖြစ်ပေမယ့် မြန်မာ နိုင်ငံမှာတော့ အစိုးရ ဖက်ကနေ တဖက်သတ် ဆုံးဖြတ် လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲ့ဒါ့အပြင် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုမရှိပဲ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဆက်ဖြစ်မယ်ဆိုရင် ရင်းနှီးမြုပ်နှံလိုသူတွေ ဝင်ရောက်ရဲမှာမဟုတ်ဘူးလို့လည်း ပြောလိုက်ပါတယ်။

ရင်းနှီးမြုပ်နှံသူတွေအနေနဲ့လည်း တဖက်သတ်အမြတ်ကိုသာ မကြည့်ပဲ တာဝန်သိတဲ့ ရင်းနှီးမြုပ်နှံမှုမျိုး ဖြစ်ဖို့ လိုကြောင်းလည်း ပြောပါတယ်။

တဆက်တည်းမှာပဲ စင်္ကာပူနိုင်ငံမှာ ရောက်ရှိနေတဲ့ ပညာတတ်မြန်မာတွေ အနေနဲ့ တတ်နိုင်သလောက် တစ်နည်းတစ်လမ်းအားဖြင့် မြန်မာနိုင်ငံကို အကူအညီပေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ စင်္ကာပူနိုင်ငံ ဝန်ကြီးချုပ် Lee Hsien Loong နဲ့ တွေ့ဆုံဖို့ ရှိကြောင်းလည်း သိရပါတယ်။

ABC Radio Australia

No comments:

Post a Comment