Pages

Wednesday, September 18, 2013

မန္တလေးကသက်တော်ရှည်ဘာသာရေးအသင်းကြီး၏ ဆွမ်းတော်ကြီးကပ်လှူပွဲ








 
မင်းတုန်းမင်းတရားကြီးကောင်းမှုတော် မဟာသကျ မာရဇိန်ကျောက်တော်ကြီး ဘုရားကို တော်သလင်းလပြည့် နေ့ တွင်ဆွမ်းတော်ကြီးကပ်လှူပူဇော်ရန် ယနေ့ တော်သလင်းလဆန်း ၁၄ ရက်နေ့ တွင်လာရောက်သည့့််  ရတနာပုံ ဗုဒ္ဓဘောဇနိယဥဿဟ အသင်းကြီး ၏ပုံများကိုဖော်ပြလိုက်ပါသည်။
မြန်မာသက္ကရာဇ် ၁၂၈၅ ခု ပထမဝါဆိုလတွင် မန္တလေးမြို့ မိမြို့ ဖများ ဦးစီးကာ မြန်မာသက္ကရာဇ် ၁၂၈၅ ခုပထမမဝါဆိုလတွင်တည်ထောင်ခဲ့ သော”အုပ်ကလေးအသင်း” ဟုလူသိများသည့် ရတနာပုံ ဗုဒ္ဓဘောဇနိယဥဿဟ အသင်းကြီး သည် သက်တမ်း ၉၁ နှစ်ရှိပြီဖြစ်ပြီးမန္တလေးမြို့ တွင်ရှားပါးစွာကျန်ရှိသော ဘာသာရေးဆိုင်ရာ သက်တော်ရှည်အသင်းကြီးတသင်းဖြစ်ပါသည်။အဆိုပါအသင်းကြီး သည်နှစ်စဉ်တော်သလင်းလဆန်း ၁၄ ရက်အဖိတ်နေ့ တိုင်းယခုလို စီတန်းလှည့် လည်၍ ကျောက်တော်ကြီးဘုရားသို့ ဆွမ်းကပ်ရန် သွားရောက်ခဲ့ ကြသော်လည်း ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားသည့် နှစ်တွင်မူ စီတန်းလှည့် လည်သွားလာခွင့် အပိတ်ခံရဖူးကြောင်းသိရသည်။

ဧရာဝတီ

No comments:

Post a Comment