Pages

Sunday, September 29, 2013

ကျောက်ကပ် ကျန်းမာ နေအောင် ဘယ်လို ဂရုစိုက် ပေးရမလဲ




ကျောက်ကပ် များ ဟာ ဆီးစွန့် တဲ့ စနစ်မှာ အရေးကြီး တဲ့ အစိတ် အပိုင်း ဖြစ်ပြီး ကိုယ် ခန္ဓာရဲ့ေ ရစစ် ကဲ့သို့ တာဝန် ကို ထမ်းဆောင် ရပါတယ်။ ကျောက်ကပ် ဟာ ကိုယ်ခန္ဓာ က အညစ် အကြေး များ နဲ့ ပိုလျှံ အရည်တွေကို ဖယ်ရှား ပေးပြီး သွေးတွေ ကို သန့်စင် ပေး ပါတယ်။ ဒါ့ အပြင် သွေး ထဲက ဆားဓာတ်၊ သတ္တုဓာတ် တွေ နဲ့ သွေးဖိအား ကို ထိန်းချုပ် ရပါသေး တယ်။ အဲဒီ အတွက်ေ ကြာင့် ကျောက် ကပ် နှလုံး ကို ဂရုစိုက် ပေးခြင်း ဟာ တစ်ကိုယ်လုံး ကို ဂရုစိုက် ပေးခြင်း မည် ပါ တယ်။

ကျောက်ကပ် ပျက်စီး တဲ့ ရောဂါ တွေ ထဲမှာ နာတာရှည် ကျောက်ကပ် ပျက်စီး တဲ့ ရောဂါ ( Chronic Kidney Disease, CKD ) ဟာ အန္တရာယ် များ ပြီး ဆီးစွန့် တဲ့ ဖြစ်စဉ် ကို တဖြည်းဖြည်း
ယိုယွင်း လာစေ ပါတယ်။ ကျောက် ကပ် ကို ဂရုမစိုက် ရင် ဒီရောဂါ ၀င်လာ ဖို့ က ရာခိုင်နှုန်း မြင့် မား တယ် လို့ သုတေသန တွေမှာ ဖော်ပြ ထားပြီး National Kidney Foundation Of India က အတည် ပြု ခဲ့ ပါတယ်။ ကျောက်ကပ် ကို ဂရုမစိုက် တဲ့ အတွက် ကျောက်ကပ် ပျက်စီး တဲ့ လူနာ ၉၀၀၀၀ ကျော် ဟာ နှစ်စဉ် ကျောက် ကပ် အစားထိုး ခွဲစိတ်မှု ခံယူ နေရ တယ် လို့ အဆိုပါ အဖွဲ့ ကြီး က ထုတ်ပြန် ထား ပါတယ်။

National Kidney Foundation of India က ဖော်ပြ ထား တဲ့ ကျောက်ကပ် ကျန်းမာရေး အတွက် အကြံပြု ချက်တွေ ကို ဖော်ပြ ပေးလိုက် ပါတယ်။

( ၁ ) ဆေးလိပ်ကို လျှော့သောက်ပါ။
( ၂ ) ယမကာ မှီဝဲမှု ကို ထိန်းချုပ်ပါ။
( ၃ ) ကိုယ်လက် လှုပ်ရှား အားကစား ကို တစ်ပတ် ကို သုံးကြိမ်အနည်းဆုံး လုပ် ပေးပါ။
( ၄ ) ကိုယ် အလေးချိန် မတက်အောင် အမြဲ ဂရုပြု ပါ။
( ၅ ) ဆား ပါဝင်မှု များသော အစားအစာ များကို ရှောင်ပါ။
( ၆ ) သွေးပေါင် ချိန် နှင့် သွေးတွင်း ကိုလက်စတရော ကို ပုံမှန် ရှိသင့်သော ပမာဏ အတွင်း ထိန်းထား ပါ။
( ၇ ) အကိုက်အခဲ ပျောက်ဆေး အလွန် အကျွံ သုံးစွဲ ခြင်းကို ရှောင်ကြဉ် ပါ။
( ၈ ) ရေနှင့် အရည် ရွှမ်းသော သစ်သီး များ ကို များများ စားသုံး ပေးပါ။

ဒီနည်းလမ်း တွေ ကို ကျင့်သုံးပေး ပြီး တဲ့ အပြင် လိုအပ် ပါက ဆီးနဲ့ ကျောက်ကပ် အထူးကု ဆရာ ၀န် ကြီး တွေနဲ့ ပြသ ဖို့ ဖော်ပြ ထားပါတယ်။

သက်ကို
Zeenews

No comments:

Post a Comment