Pages

Saturday, September 14, 2013

ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ငါးသိန်းကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သန်း ၃၆၀ ကျော်ရရှိ


                      ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲကုန်သည်များကိုတွေ့ရစဉ်

ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၅၀၀၀၀၀ ကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သန်း ၃၆၀ ကျော်ရရှိ ခဲ့ကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ၀န်...ကြီးဌာနမှ သိရသည်။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၃၀ ရက်အထိ ပဲမျိုးစုံတန်ချိန် ၅၂၃၈၃၃ တင်ပို့မှုမှ အမေ ရိကန်ဒေါ်လာ ၃၆၅ သန်းကျော်ရရှိထားသော်လည်း မတ် ပဲ၊ ပဲစင်းငုံ၊ ပဲလွန်းဖြူ၊ ထောပတ်ပဲတင်ပို့မှု လျော့ကျနေကြောင်း သိရသည်။

မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲလွန်းဖြူ၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ပဲကြီး၊ ပဲကတ္တီပါ၊ စွန်တာပြာ၊ ကုလားပဲ၊ ဘိုကိတ် ပဲနှင့် ပဲပုတ်စေ့အစရှိသည့် ပဲမျိုးစုံကို ပြည်ပ သို့တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၆၀ ကျော်ရရှိခဲ့သော်လည်း ယခင် ဘဏ္ဍာရေးနှစ် အလားတူကာလနှင့်နှိုင်းယှဉ် ပါက ပဲမျိုးစုံတင်ပို့မှုမှရရှိငွေမှာ အမေရိကန် ဒေါ်လာ ၆၁ သန်းကျော် လျော့နည်းနေ ကြောင်း သိရသည်။

မတ်ပဲတင်ပို့အနေဖြင့် တန်ချိန်နှစ်သိန်း ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၃၀ ကျော်ရရှိခဲ့ကာ ပဲစင်းငုံတန်ချိန် ၉၀၀၀၀ ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၉ သန်းကျော်ရရှိခဲ့ကြောင်း သိရသည်။ မတ်ပဲနှင့် ပဲစင်းငုံတင်ပို့မှုမှာလည်း ယခင်နှစ် အလားတူကာလတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန်နှင့် ရရှိငွေပါလျော့နည်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ယခင်ဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၁၂-၁၃ ဘဏ္ဍရေးနှစ်တွင် ပဲမျိုးစုံတင်ပို့မှုတန် ချိန် ၁၄ သိန်းကျော်ရှိခဲ့ပြီး အမေရိကန်ဒေါ် လာ အမေရိကန်ဒေါ်လာ ၉၁၂ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။
ပဲမျိုးစုံ တင်ပို့မှုကိုကြည့်ပါက ယခင် နှစ်အလားတူကာလနှင့် နှိုင်းယှဉ်လျင် အဓိ ကတင်ပို့နေသည့် မတ်ပဲနှင့် ပဲစင်းငုံတင်ပို့ မှုများ ကျဆင်းလျက်ရှိသဖြင့် လတ်တလော ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပူးပေါင်းဖြေရှင်းပြီး ကာလတို၊ ကာလရှည် အစီအမံများဆောင်ရွက်သွားရန် လိုအပ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က ဇူလိုင် ၁၃ ရက်ကပြောကြားခဲ့သည်။

ပဲတင်ပို့မှု အတက်အကျဖြစ်ရခြင်းတွင် ၀ယ်လက်နိုင်ငံဈေးကွက်၏ ထုတ်လုပ်မှု၊ စားသုံးမှု၊ ငွေလဲနှုန်းစီးပွားရေးအခြေအနေများအရ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန် အနည်းငယ်အပေါ်၌သာ လုံးဝမှီခိုအားထား နေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတ များ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် စိုက် ပျိုးရေး၊ ရေထွက်ကုန်စသည်များဖြစ်ကြောင်း သိရသည်။

EMG

No comments:

Post a Comment