Pages

Saturday, September 28, 2013

စစ်ကိုင်းနှင့် မန္တလေးအကြား ဧရာဝတီမြစ်ကြောင်းတစ်လျောက် သဲသောင်ဖယ်ရှားရန် ဒေါ်လာ ၁ ဒသမ ၈ ဘီလျံ ကုန်ကျမည်



(မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ယက္ခဒီပကျေးရွာအနီးတွင် မြစ်ကြောင်းထိန်းသိမ်းရေး ပြုလုပ်နေသည်ကို တွေ့ရစဉ်)

28.9.2013

စက်တင်ဘာ ၂၅ ရက်က ပြုလုပ်သော မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦး၏ ဧရာဝတီမြစ်ကြောင်း ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများအကြောင်း မေးမြန်းသည့် မေးခွန်းအပေါ် ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဧရာဝတီမြစ်ကြောင်းတစ်လျောက်(မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးကြား) သဲသောင်ပြင် ဖယ်ရှားရန်လုပ်ငန်းကိစ္စမှာ လွန်စွာကြီးမားသည့် လုပ်ငန်းကြီးတစ်ခုဖြစ်ကြောင်း၊ မန္တလေးမြို့ အနောက်ဘက် ဧရာဝတီ(မန္တလေးနှင့်စစ်ကိုင်း)အား သဲသောင်တူးဖော်သည့် လုပ်ငန်း အတွက် အကျယ် ၁၀၀၀ မီတာ၊ အရှည်(၅၀ကီလိုမီတာ) အနက်(၄မီတာ)ရှိတဲ့ ရေလမ်း ကြောင်းကြီးအတွက် တူးဖော်ရသည့် သဲသောင်၏ ထုထည် ကုဗမီတာ(၄၀ာ၃)သန်း ရှိပြီးတော့ ကုန်ကျစရိတ် အနေနဲ့ ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံ ကုန်ကျမယ်လို့ ခန့်မှန်းတွက်ချက်ထားကြောင်း၊ ဒီသောင် တူးလုပ်ငန်း ဆောင်ရွက်ရန်ကိစ္စမှာ ငွေကြေးလွန်စွာ ကုန်ကျစရိတ် များပြားသည့်အတွက် နိုင်ငံတော် အစီအစဉ်ဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပြီး ပြည်ပအကူအညီ ချေးငွေတို့ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းကြီးဖြစ်ပါတယ်''ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း က ပြောကြားခဲ့သည်။

ထို့ပြင် ၀န်ကြီးက ဧရာဝတီမြစ်သည် မန္တလေးတိုင်းဒေသကြီးအတွင်း တကောင်းမြို့နယ်ခွဲအထက် အင်းနက်ရွာမှ အစပြု၍ ညောင်ဦးခရိုင် (စဥ့်ကူးကျေးရွာ)အထိ ရေလမ်း ၂၈၈ မိုင်ရှိပြီး ဧရာဝတီမြစ်ကြောင်း တစ်လျောက် မိုးရာသီကာလတွင် သဲသောင်ပြင်မရှိဘဲ ရေအားလုံး ဖုံးလွှမ်းနေကြောင်း၊ နွေရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးကြား ဧရာဝတီမြစ်၏ ဧရိယာသည် 40 km2 ရှိပြီး ရေဖုံးလွှမ်းမှု 22 km2 ၅၅ရာခိုင်နှုန်းနှင့် သဲသောင်ပြင် 18 km2 ၄၅ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရပါသဖြင့် ရေဖုံးလွှမ်းမှုနှင့် သဲသောင်ပြင်ဖုံးလွှမ်းမှုတွင် ရေဖုံးလွှမ်းမှုက ပိုသည်ကို တွေ့ရကြောင်းလည်း ပြောကြားခဲ့သည်။

Eleven Media Group 


No comments:

Post a Comment