Pages

Sunday, September 8, 2013

ကချင်ပြည်နယ်မှ ရှမ်းနီ သံဃာတော် အပါး တစ်ရာကျော်အား ရန်ကုန်မြို့တွင် ၀ါဆိုသင်္ကန်းဆက်ကပ်


ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မနကျေးရွာမှ ဒကာဒကာမများစုပေါင်း၍
ရန်ကုန်မြို့ရောက် ရှမ်းနီသံဃာတော် ၁၃၆ ပါးအား ဒုတိယအကြိမ် ၀ါဆိုသင်္ကန်းဆက်ကပ်လျှူဒါန်းပွဲကို ရွှေတိဂုံဘုရား တောင်ဘက်မုခ်ရှိကျောက်စိမ်းတွင်းဓမ္မာရုံတွင် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အလျှူပွဲသို့ ကချင်ပြည်နယ်မှ အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေထိုင်လျှက်ရှိသော မိုးကောင်းအသင်း၊ မြစ်ကြီးနားအသင်း နှင့် မိုးညှင်းအသင်းတို့မှ ဒကာဒကာမများလာရောက်ပြီး အလျှူပွဲတွင် ပါဝင် ကုသိုလ်ယူခဲ့ကြသည်။

ရှမ်းနီသတင်းဌာန

No comments:

Post a Comment