တရုတ်နှင့် မွန်ဂိုလီးယား နိုင်ငံတို့သည် '' Prairie Pioneer ''အမည်ရှိ ၈
ရက်ကြာ သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေး ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း တစ်ရပ်အား
စက်တင်ဘာ ၁၆ ရက်မှစတင်၍ လေ့ကျင့် ခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ရပ် အရ သိရသည်။
တပ်ဖွဲ့ဝင် များသည် အနာဂတ်တွင် ဖြစ်ပေါ် လာနိုင်သော မြေငလျင် လှုပ်ခတ်မှု နှင့် ပတ်သက်၍ သဏ္ဌာန်တူ
လေ့ကျင့်မှု ဖြစ်သော လမ်းပြိုကျ ပျက်စီးမှုများ ၊ ရွှံ့နွံ ထူထပ်သော လမ်းများ
၊ နှင်းမုန်တိုင်း နှင့် မီးဘေး အန္တရာယ် သတိပေးမှု များ အပါအဝင်
အမျိုးမျိုးသော အခြေအနေ များတွင် တုံ့ပြန် ဖြေရှင်း သွားရေး လေ့ကျင့်
သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေ့ကျင့်ခန်းတွင် ဆေးဝါးကုသမှု
ထောက်ပံ့ ပေးရေး ကဲ့သို့ ယာယီ အဆောက်အဦများ တည်ဆောက်ရေး ၊ ရေပေး ဝေရေး
စခန်းများ တည်ဆောက်ရေး ၊ အရေးပေါ် လျှပ်စစ်မီး ထောက်ပံ့ပေးရေး နှင့်
မြို့ပြဒေသ များတွင် မြေငလျင် ကယ်ဆယ်ရေး စသည်တို့နှင့် ပတ်သက်၍ လေ့ကျင့်
သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်ခန်း ကို သဘာဝ ဘေးအန္တရာယ်
ကယ်ဆယ်ရေး၊ လက်တွေ့ ကျသော ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး နှင့်
နှစ်နိုင်ငံ အပြန်အလှန် စစ်ဘက် ဆက်ဆံရေးများ တိုးတက် စေရေးကဲ့သို့
သမားရိုးကျ မဟုတ်သော လုံခြုံရေး ကဏ္ဍရပ် များတွင် နှစ်နိုင်ငံ စစ်ဘက်
တပ်ဖွဲ့ဝင် များ၏ စွမ်းရည် တိုးတက် လာစေရန် ရည်ရွယ် လေ့ကျင့်ခြင်း
ဖြစ်ကြောင်း သိရသည်။
ယခုပြုလုပ်သော စစ်ရေး လေ့ကျင့်ခန်း သည် တရုတ်
နှင့် မွန်ဂိုလီးယား နိုင်ငံအကြား ၂ဝဝ၉ ခုနှစ်တွင် ပူးတွဲ ငြိမ်းချမ်းမှု
ထိန်းသိမ်းရေး လေ့ကျင့်ခန်းများ ပြုလုပ်ပြီးနောက် ဒုတိယ အကြိမ် ပြုလုပ်သော
ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment