Pages

Friday, September 13, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တီမောဝန်ကြီးချုပ်တို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး

13.9.2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ကေရာလာဇာနာနာ ဂူစ်မာအိုတို့ စက်တင်ဘာလ ၁၂ ရက်က နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန် ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆိုင်ရာများအပေါ် ဆွေးနွေးခဲ့ကြသည်ဟု သတင်းရရှိသည်။

စွမ်းအင်၊ လယ်ယာစိုက်ပျိုးရေးနှင့် ခရီးသွားလာရေး ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများနှင့် အာဆီယံ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရပါသည်။

ထို့အပြင် မြန်မာနိုင်ငံနှင့် တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံတို့၏ ပဋိပက္ခ ဖြေရှင်းရေး အတွေ့အကြုံများ၊ နိုင်ငံတည်ဆောက်ရေး အတွေ့အကြုံများ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုင်ရာ အတွေ့အကြုံများနှင့် ပတ်သက်၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အလားတူ နိုင်ငံတော် သမ္မတ၏ ဇနီးဒေါ်ခင်ခင်ဝင်းနှင့် တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ၏ ဇနီးမစ္စကာစ်တီဆ၀ဒ်ဂူစ်မာအိုတို့သည် မိခင်နှင့် ကလေး စောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် လူကုန်ကူးမှု ပပျောက်ရေးတို့အတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

EMG

No comments:

Post a Comment