Pages

Thursday, September 5, 2013

ဆီးရီးယားကိုတိုက်ခိုက်ပါက ပြဿနာများကို ပိုမိုဆိုးရွားသွားစေမည်ဖြစ်ကြောင်း ဘန်ကီမွန်းပြော

5.9.2013
အနောက်နိုင်ငံများအနေဖြင့် ဆီးရီးယားကို တိုက်ခိုက်မည်ဆိုပါက ဆီးရီးယားပြဿနာများကို ပိုမိုဆိုးရွား သွားစေမည် ဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်သည် ဟု စက်တင်ဘာ ၄ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

သို့သော် ဆီးရီးယားအစိုးရ၏ ဓာတုလက်နက်များအသုံးပြုခြင်းနှင့်ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီ အနေဖြင့်တစ်စည်းတစ်လုံးတည်း ဆန့်ကျင်သင့်ကြောင်းလည်း ပြောဆိုလိုက်သည်။ ဖြစ်နိုင်လျှင် ပြဿနာများကို စစ်ရေးနည်းလမ်းမပါဘဲ စဉ်းစားသင့်ကြောင်းလည်း တိုက်တွန်းလိုက်သည်။

“အရာရာကို ကုလသမဂ္ဂရဲ့ဘောင်အတွင်းကနေပဲ လုပ်ဆောင်သင့်ပါတယ်” ဟု မစ္စတာဘန်ကီမွန်းက ပြောသည်။

ဆီးရီးယားအစိုးရသည် ပြီးခဲ့သည့်လက ဓာတုဗေဒလက်နက်များအသုံးပြုတိုက်ခိုက်ခဲ့သည်ဟူသော စွပ်စွဲ ချက်များဖြင့် အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့များကဆီးရီးယားအား တိုက်ခိုက်ရန် ရှိနေသည်။

နောက်သီတင်းပတ်အတွင်း ကျင်းပမည့် ထိပ်သီးနိုင်ငံ ၂၀ ဆွေးနွေးပွဲတစ်ခုတွင် ဆီးရီးယားကိစ္စနှင့် ပတ်သက်၍ အမေရိကန်၏အစီအစဉ်ကို အိုဘားမားကကမ္ဘာ့ခေါင်းဆောင်များအား တင်ပြမည်ဖြစ်သည်။

သြဂုတ်လ ၂၁ ရက်က ဒမတ်စကတ်မြို့ဆင်ခြေဖုံးတစ်ခုတွင် ဖြစ်ပွားခဲ့သည့် ဓာတုလက်နက် တိုက်ခိုက် မှုကြောင့် လူ ၁,၄၀၀ ကျော်သေဆုံးခဲ့ရသည်ဟု အမေရိကန်နိုင်ငံက ဆိုခဲ့သည်။ ထိုတိုက်ခိုက်မှုမှာ စက်ဆုပ်စရာကောင်းလှကာ အမေရိကန်နိုင်ငံ၏လုံခြုံရေးအား ခြိမ်းခြောက်မှုတစ်ရပ်လည်းဖြစ်သည်ဟု အမေရိကန် ကာကွယ်ရေး
ဦးစီးချုပ်ကဆိုခဲ့ပြီး၊ စစ်ရေးတိုက်ခိုက်မှုတစ်ရပ်ကို အကန့်အသတ်ဖြင့်ပြုလုပ် ခြင်းအားဖြင့် တုံ့ပြန်သွားမည်ဟုလည်း ဆိုခဲ့သည်။

AFP
မဇ္ဈိမ

No comments:

Post a Comment