Pages

Thursday, September 19, 2013

ဘင်္ဂလာဒေ.ခ်ျ နျူကလီးယားလျှပ်စစ် စီမံကိန်း ရှေ့လတွင် အုတ်မြစ်ချမည်

19.9.2013
 ဘင်္ဂလာဒေခ်ျ့ နိုင်ငံအ၀န်းအား လျှပ်စစ်မီးပေးနေသော စစ်တကောင်း တောင်တန်းနယ်မှ ကာပတိုင် ရေအားလျှပ်စစ်။

မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ရုရှား အကူအညီဖြင့် လျှပ်စစ် ဓါတ်အား ထုတ်လုပ်မည့် နျူကလီးယား စီမံကိန်း တစ်ခုကို လာမည့် အောက်တိုဘာလ ၂ ရက်နေ့တွင် အုတ်မြစ်ချမည် ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာမှ ပါလီမန်တွင် ယမန်နေ့က ကျေညာသည်။

“ Rooppur Nuclear Power Plant” ဟု အမည်ရသော ၎င်းစီမံကိန်းကို အောက်တိုဘာလ ၂ ရက်နေ့တွင် အုတ်မြစ်ချပြီး တည်ဆောက်ရေးကို ၂၀၁၄ ခုနှစ် အစောပိုင်းတွင် စမည် ဖြစ်ကြောင်း ပြောဆိုသည်။

၎င်းနျူကလီယား စီမံကိန်းမှ မီဂါဝပ် ၂၀၀၀၀ ထုတ်လုပ်နိုင်မည် ဖြစ်ပြီး ၂၀၂၁ ခုနှစ် အကုန်ပိုင်းတွင် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးနိုင်မည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ သည် ၎င်းစီမံကိန်းတွင် ပါဝင်သည့် နျူကလီးယား ယူနစ် (၂) ခု တည်ဆောက်ရေး အတွက် ရုရှားအစိုးရနှင့် အမေရိကန် ဒေါ်လာ သန်း ၅၀၀ (အကြွေး) စာချုပ် တစ်ခုကို လက်မှတ် ရေးထိုးထားသည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ National Business Council ၏ အဆင့်မြင့်ဆုံး ကော်မီတီမှ ၎င်းနျူကလီးယား စီမံကိန်း အတွက် ဘင်္ဂလာ တာကာငွေ ( ၅၀၈၇) ကုဋေ သုံးစွဲရန် အတည်ပြုထားသည်။

ဘင်္ဂလာဒေခ်ျ့ လက်ရှိ အစိုးရမှ ဘင်္ဂလာဒေခ်ျ့အား အဆင့်မြင့် စီပွားရေး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခု ဖြစ်လာရန် ကြိုးစားဆောင်ရွက်နေရာ တစ်နိုင်ငံလုံး လျှပ်စစ်ဓါတ်အား ရရှိရေးကို အထူး အလေးပေးဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာမှ သူမ အစိုးရ တက်လာသော ၂၀၀၉ ခုနှစ်က ဘင်္ဂလာဒေခ်ျ့တွင် သုံးစွဲနေသော လျှပ်စစ် မီဂါဝပ်မှာ ၃၂၀၀ MW သာရှိပြီး ယခု သူမ၏ အစိုးရသက်တမ်း ကုန်ဆုံးမည့် အချိန် (၅) နှစ်တာကာလ တွင် မီဂါဝပ် ၉၀၀၀ MW ထိ ပိုမို ထုတ်လုပ်သုံးစွဲနိုင်ခဲ့သည်ဟု ဆိုသည်။

၎င်းပြင် လက်ရှိ ဘင်္ဂလာဒေခ်ျ့ အစိုးရသည် အိမ်နီးချင်း အိန္ဒိယ နိုင်ငံမှ လျှပ်စစ် ဓါတ်အား မီဂါဝပ် ၂၅၀ ကို နောက်လာမည့်လမှ စတင်ပြီး ၀ယ်ယူတင်သွင်းမည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံသည် ၁၉၇၁ ခုနှစ်တွင် ပါကိစ္စတန် လက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပြီး နှစ်ပေါင်း (၄၂) နှစ်အကြာတွင် နိုင်ငံ တစ်ခုလုံးကို မြို့ရော တောပါမကျန် တစ်နေ့ ၂၄ နာရီ လျှပ်စစ်မီး ရရှိနိုင်အောင် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ဘင်္ဂလာဒေခ်ျ့မှ အာဏာရ အစိုးရ အဆက်ဆက်သည် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိက အရေးကြီးဆုံး ဖြစ်သော လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများကို အထူုးတိုးတက်အောင် ကြိုးစား ဆောင်ရွက်လျှက်ရှိကြကြောင်း သတင်းများ ရရှိသည်။

Arakan State

No comments:

Post a Comment