Pages

Saturday, September 14, 2013

စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရာတွင် တာဝန်ယူမှုရှိရန်နှင့် စာရင်းအင်း အရည်အသွေး ကောင်းမွန်ရန်လိုအပ်ဟု ဒုတိယသမ္မတ ဦးဉာဏ်ထွန်းပြောကြား

စီမံကိန်းများ ရေးဆွဲအကောင်အထည် ဖော်ရာတွင် တာဝန်ယူမှုရှိရန်နှင့် စာရင်းအင်း အရည်အသွေး ကောင်းမွန်ရေးမှာ အခြေခံ အကျဆုံး လိုအပ်ချက်ဖြစ်သည်ဟု ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ပြောကြားသည်။

 စက်တင်ဘာ ၁၂ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး...ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်သော စာရင်းအင်း အချက်အ လက်များမှန်ကန်ရေးနှင့် အရည် အသွေးပြည့်ဝရေးကော်မတီပထမအကြိမ် အစည်းအဝေးပွဲတွင် အမှာစကားပြောကြား ရာ၌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ယင်း ကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက နိုင်ငံ တော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး နှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ် ရေးနှင့် စီ မံခန့်ခွဲမှုဆိုင်ရာ ပြောင်းလဲမှုများကို အကောင်ထည် ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု မဟာ ဗျူဟာကို ၂၀၁၁ မှ ၂၀၃၁ အထိ နှစ် ၂၀ ဆောင်ရွက်မည့် အမျိုးသားဘက်စုံ တိုးတက် ရေးစီးမံကိန်းအား ရေးဆွဲလျက်ရှိကြောင်းနှင့် ယင်းကဲ့ သို့စီမံကိန်းများရေးဆွဲအကောင် အထည်ဖော်ရာတွင် တာဝန်ယူမှု အပြည့် အ၀ရှိပြီး အရည်အသွေးကောင်းမွန်သည့် စာရင်းအင်းများသည် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်၍ အသက်သွေးကြောပမာ အရေးပါကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ကိန်းဂဏန်းအချက်အလက် အရည်အသွေးဆိုသည်မှာ စာရင်းအင်း သတင်းအချက် အလက်များ၏ အံဝင်ဂွင်ကျ အသုံးပြုနိုင်မှုဖြစ်ကြောင်း၊ ကိန်းဂဏန်း အချက်အလက် အရည်အသွေးအား စပ် ဆိုင်မှု၊ တိကျမှု၊ အချိန်ကိုက်ရရှိမှု၊ အလွယ် တကူ ရရှိနိုင်မှု၊ အဓိပ္ပာယ်ဖွင့်ဆိုနိုင်မှု၊ အခြား သတင်း အခြေအမြစ်များနှင့် သဘာဝယုတ္တိ ကျစွာ ဆက်စပ်ထားနိုင်မှု၊ အချက်အလက် ပြုစုခြင်းဆိုင်ရာ နည်းစဉ်များ ခိုင်မာမှုနှင့် စိတ်ချလက်ချ အားထားနိုင်မှုစသည့် အတိုင်း အတာ(၈)ရပ်ဖြင့် မှတ်ကျောက်တင်လေ့ ရှိပါကြောင်း၊ အချက်အလက် ကိန်းဂဏန်း များ အရည်အသွေးရှိမှသာ ယုံကြည်စိတ်ချ ရသည့် စာရင်းအင်းများ ပြုစုနိုင်မည် ဖြစ်ကြောင်းလည်း ဒုတိယသမ္မတ ဦးဉာဏ် ထွန်းက ပြောကြားသည်။

အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှုကဏ္ဍများတွင် တိကျမှန် ကန်ပြီး အရည်အသွေးရှိသည့် သတင်းအချက် အလက်များ စုဆောင်း၊ ဆန်းစစ်၊ အကဲဖြတ်၊ အနက်ကောက် တည်ဆောက်ထားသည့် တရားဝင်စာရင်းအင်းများသည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခု၏ သတင်းအချက် အလက်ဆိုင်ရာစနစ်တွင် မရှိမဖြစ်သည့် လို အပ်ချက်တစ်ခုအဖြစ် ထောက်ပံ့ပေး နိုင်မည် ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်အတွက် လိုအပ် သည့် ဘဏ္ဍာရေးအရင်းအမြစ်နှင့် နည်းပညာ အကူအညီများကိုလည်း နိုင်ငံတကာ မိတ် ဖက် အဖွဲ့အစည်းများမှ ရယူဆောင်ရွက်ရန် လိုအပ်ပါကြောင်းလည်း ဒုတိယသမ္မတက ပြောကြားခဲ့သည်။

EMG

No comments:

Post a Comment