Pages

Monday, September 30, 2013

ဆေးကုသမှု ခံနေသော ပညာရေးဝန်ကြီးနေရာ ဒုတိယဝန်ကြီး ဒေါက်တာ မျိုးမြင့်ကို လွှဲအပ်

30.9.2013

ကျန်းမာရေး အခြေအနေကြောင့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဆေးကုသရန် သွားရောက်နေသော ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး နေရာကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်အား ခေတ္တတာဝန် လွှဲအပ်ထားကြောင်း ပညာရေးဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများက စက်တင်ဘာလ ၂၇ ရက်နေ့က စတင်ကာ ဒေါက်တာမျိုးမြင့်ကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး (ခေတ္တ) အဖြစ် ခေါ်ဝေါ်သုံးစွဲရန် ညွှန်ကြားထားကြောင်း ပညာရေးဝန်ထမ်းများထံမှ သိရသည်။

“စက်တင်ဘာလကုန်ရင် ဘန်ကောက်က ပြန်ရောက်မယ်။ သူဆက်တာဝန် ထမ်းဆောင်ဖို့ ရှိ၊ မရှိက နိုင်ငံတော်သမ္မတရုံးနဲ့ပဲ ဆိုင်မယ်။ အခုထိ ဘာမှမကြားမိဘူး” ဟု အမည်မဖော်လိုသည့် ပညာရေးဝန်ထမ်း တစ်ဦးက The Voice သို့ ပြောကြားသည်။

ပညာရေးဝန်ကြီး ဒေါက်တာမြအေးသည် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဆေးကုသရန် ထွက်သွားခဲ့ပြီး အောက်တိုဘာလဆန်းတွင် ပြန်ရောက်မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment