Pages

Saturday, September 14, 2013

(၄၁)နှစ်ကြာပြန်ပေးဆွဲခံရသူ တောင်ကိုရီးယားနိုင်ငံသား ပြန်ရောက်လာ

လွန်ခဲ့သည့် (၄၁)နှစ်က မြောက်ကိုရီးယား၏ ပြန်ပေးဆွဲခြင်းခံရသော တောင်ကို ရီးယားနိုင်ငံသား အမျိုးသားတစ်ဦးသည် ၎င်း၏နေအိမ်သို့ ပြန်လည်ရောက် ရှိရန် ကြိုးပမ်းနိုင်ခဲ့ကြောင်း ဆိုးလ်မှ တာဝန်ရှိသူများက ယနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုအခါ အသက်(၆၈)နှစ်ရှိပြီဖြစ်သည့် ဂျေအန်ဝုပြို သည် ၁၉၇၂ခုနှစ်တွင် ပင်လယ်ဝါ အတွင်း မြောက် ကိုရီးယား က ဖမ်းဆီးခေါ်ဆောင်သွားသော ငါးဖမ်းလှေနှစ်စင်းမှ သင်္ဘောသား ၂၅ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

၎င်းသည် မြောက်ကိုရီးယားမှ ဩဂုတ်လတွင် လွတ် မြောက်လာခဲ့ပြီး တောင်ကိုရီးယားသို့ ယခုလတွင် ရောက်ရှိ လာခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။ တောင် ကိုရီး ယားနှင့် မြောက်ကိုရီးယားတို့သည် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခြင်းမပြုဘဲ စစ်ရပ်ဆိုင်း ရန် နှစ်နိုင်ငံ သဘောတူညီမှုဖြင့် ရပ်ဆိုင်းခြင်းဖြစ်သည့်အတွက် နည်းစနစ်ပိုင်းအရ စစ်ဖြစ်နေဆဲဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ဌာနက ၎င်းပြန်လည်ရောက်ရှိကြောင်း အတည်ပြုပြောကြား သော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ဖော် ပြောကြားခြင်း မပြုပေ။

မစ္စတာဂျေအန်သည် အမည်ဖော်ပြခြင်းမပြုသောတတိယနိုင်ငံတစ်ခုမှ တောင်ကိုရီးယားသို့ ရောက် ရှိ လာခြင်း ဖြစ်သည်။ ၎င်းသည် အဆိုပါနိုင်ငံမှနေ၍ တောင်ကိုရီးယား သမ္မတ ပတ်ဂျွန်ဟေသို့ အကူအညီပေးပါရန် အသနားခံခဲ့ ကြောင်း အမည်မဖော်လိုသူ အစိုးရအရာရှိတစ်ဦးကို ကိုးကား၍ ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။ ပြန်ပေးဆွဲခံရသော ငါးဖမ်းလှေနှစ်စင်းပေါ်မှ အခြား သင်္ဘောသား များ၏ သတင်းကိုမူ မသိရပေ။ 

ဘီဘီစီ။

No comments:

Post a Comment