Pages

Monday, September 23, 2013

ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနအတွက် ဦးစီးအရာရှိ ၁၇ ဦး ခေါ်ယူ


23.9.2013

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် ခန့်အပ်ရန်အတွက် ဦးစီးအရာရှိ ၁၇ ဦးကို ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ လျှောက်လွှာခေါ်ယူလျက်ရှိသည်။

ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၌ ဖွဲ့စည်းပုံများတိုးချဲ့ခဲ့သည့်အတွက် လိုအပ်သည့်နေရာများကို ခန့်အပ်တာဝန်ပေးရန် ဦးစီးအရာရှိများကို ခေါ်ယူနေခြင်းဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးသန်းထွန်းအောင်က ပြောသည်။

“အော်ပရေတာတွေကို ကြီးကြပ်ဖို့အတွက် လက်ရှိလူအင်အားနဲ့လည်း မလုံလောက်တော့ဘူး။ လိုင်စင်လိုမျိုး၊ ငွေစာရင်းလိုမျိုး၊ Spectrum monitoring ဖွဲ့စည်းပုံတွေ တိုးချဲ့ထားတယ်။ နောက်ထပ်လည်း ဆက်ပြီး ဖွဲ့စည်းပုံတွေ တိုးချဲ့သွားဖို့ရှိတယ်” ဟု ဦးသန်းထွန်းအောင်က ဆိုသည်။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအတွက် ခေါ်ယူသော ဦးစီးအရာရှိများသည် ကန့်သတ်ချက်အရ အသက် ၃၅ နှစ်အောက်များသာ လျှောက်ထားခွင့်ရှိသည်။ မြန်မာစာ ၊ အထွေထွေဗဟုသုတနှင့် အင်္ဂလိပ်စာကို ဖြေဆိုရမည်ဖြစ်ပြီး လျှောက်လွှာများကို အောက်တိုဘာလ ၁၁ နေ့နောက်ဆုံးထား၍ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ရုံးများထံသို့ ပေးပို့လျှောက်ထားရမည် ဖြစ်သည်။

အင်တာနက်

No comments:

Post a Comment