မြန်မာနိုင်ငံ၌ တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့
အခမ်းအနားကို စက်တင်ဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ
သဘင်ဆောင်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနား၌
စာတမ်းဖတ်ကြားမည့်သူ တစ်ဦးနှင့် ပြည်ထောင် စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦး
တက်ရောက်ရန် နိုင်ငံရေးပါတီများသို့ ဖိတ်ကြားထားကြောင်း အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။
"နိုင်ငံတကာ ဒီမိုကရေစီနေ့ကို လွှတ်တော်က ကျင်းပဖို့အတွက် ကော်မ တီဖွဲ့ပြီး
ကျွန်တော်တို့ကို အခမ်းအနား တက်ရောက်ဖို့အတွက် ဖိတ်ကြား ထားပါတယ်။
စာတမ်းလည်း ဖတ်ကြားပါမယ်။ စာတမ်းအနှစ်ချုပ်ကတော့ အမျိုးသားပြန်လည်
သင့်မြတ်ရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာကို တင်သွင်းမှာပါ" ဟု
အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့် က ပြောကြားသည်။
အလားတူ အခြားနိုင်ငံရေး ပါတီများကလည်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့
အခမ်းအနားတွင် စာတမ်းဖတ်ကြားမှုများ ပြုလုပ် ကမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့လည်း နှစ်ယောက်တက်မယ်။ စာတမ်းဖတ်ဖို့ ရှိပါတယ်" ဟု
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြား သည်။
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို မြန်မာနိုင်ငံတွင် ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်များ ပေါ်ပေါက်လာပြီး ၂၀၁၁ ခုနှစ်
အစိုးရသစ် တက်လာပြီးနောက်တွင် စတင်ကာ ကျင်းပလာခဲ့ခြင်းဖြစ်သည်။
ယခု ကျင်းပပြုလုပ်မည့် အခမ်းအနားမှာ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေ
စီနေ့ဖြစ်ပြီး ယင်းကဲ့သို့ပင် ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ပေါက်ခဲ့သည့်
၁၉၈၈ ခုနှစ် ကာလများအား အစွဲပြု၍ သြဂုတ် ၈ ရက်အား မြန်မာနိုင်ငံ
ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုမှုများလည်း ရှိသည်။
Eleven Media group
No comments:
Post a Comment