Pages

Friday, September 20, 2013

မြစ်ရေကြီးသဖြင့် ဟင်္သာတမြို့နယ်တွင်းရှိ ကျောင်း ၁၀ ကျောင်း ခေတ္တကျောင်းပိတ်ခွင့် တင်ပြ

ရေကြီးဒဏ် ခံနေရသည့် ဟင်္သာတမြို့နယ် ပဲကြီးကျွန်းအုပ်စု၊ အ.လ.က ရေလယ်ကျွန်း ကျောင်းမှ ကျောင်းသားများအား ပြန်လည် ခေါ်ယူနေစဉ်
ဧရာဝတီနှင့် င၀န်မြစ်ရေကြီးနေသဖြင့် ခေတ္တ ကျောင်းပိတ်ခွင့် တင်ပြထားသည့် ကျောင်း ၁၀ ကျောင်း ရှိနေကြောင်း ဟင်္သာတမြို့
 နယ် ပညာရေးမှူးရုံးမှ ကနဦး ရရှိသော သတင်းအရ သိရသည်။စက်တင်ဘာ ၂၀ ရက်မှ စတင်ကာ ဟင်္သာတမြို့နယ် အတွင်းရှိ မူလတန်းကျောင်း ခြောက်ကျောင်း၊ မူလတန်းလွန်ကျောင်း တစ်ကျောင်းနှင့် အလယ်တန်းကျောင်းခွဲ သုံးကျောင်းတို့
ခေတ္တ ကျောင်း ပိတ်ခွင့် တင်ပြ ထားကြောင်း သိရသည်။

''ရေက တစ်ရွာလုံးမြုပ်နေပြီ။ ပြီးခဲ့တဲ့ နှစ်က ကျောင်းအဆောက်အအုံ ရှိတော့ သင်ကြားရေး အခက်အခဲ ဒီလောက် မဖြစ်ခဲ့ဘူး။ ဒီနှစ်ထဲမှာပဲ င၀န်မြစ်ရေကြောင့် ကမ်းပြို ကမ်းစားဖြစ်ပြီး ကျောင်းနဲ့ ပေ ၁၀၀ လောက်ပဲ ကွာတော့တာကြောင့် ကျောင်းနှစ်ဆောင်စလုံး ဖျက်လိုက်ရတယ်။ သြဂုတ်လ နောက်ဆုံးပတ် ကစပြီး ဘုန်းတော်ကြီး ကျောင်းတွေကို ပြောင်းပြီး သင်ခဲ့ရတယ်။ အခု သင်နေတဲ့ ဘုန်းတော်ကြီး ကျောင်းရဲ့ အောက်ထပ်ကိုတောင် ရေက၀င်နေလို့ ကျောင်းသား ၁၈၃ ယောက် ရှိတာကြောင့် စာသင်ကြားဖို့ နေရာ အခက်အခဲရှိနေပါတယ်။ ရေက ပြီးခဲ့တဲ့ နှစ်ကထက် အနည်းဆုံး သုံးပေလောက် ပိုမြင့်တယ်။ နောက်ပြီး ရေစီး ကြမ်းတာတွေ၊ ရေနက်တာတွေကြောင့် ကျောင်းသားတွေ သွားလာရေး ခက်ခဲပြီး သင်ကြားရေး အတွက်လည်း နေရာလည်း မလုံလောက်တာကြောင့် အခုလို ကျောင်းပိတ်ခွင့် တင်ခဲ့တာ ဖြစ်ပါတယ်''ဟု ဟင်္သာတမြို့နယ် အတွင်းရှိ အ.လ.ကခွဲ ရေလယ်ကျွန်းရွာမှ ကျောင်း အကျိုးတော်ဆောင် ဦးကျော်မြင့် (ပညာရေး-ငြိမ်း)က ပြောကြားသည်။

ကျောင်းပိတ်ခွင့် တင်ပြထားသော ကျောင်းများသည် မြစ်ရေ လွှမ်းသည့်ဒေသ၊ အများအားဖြင့် တာပြင် နေရာများမှဖြစ်ပြီး အချို့ နေရာများရှိ ကျောင်းများသည်လည်း သင်ကြား၍ ရနိုင်သည့် အခြေအနေထိသာ ဆက်လက် သင်ကြားနေကြခြင်း ဖြစ်သည့်အတွက် ပိတ်နိုင်ခြေရှိကြောင်း ဟင်္သာတမြို့နယ် ပညာရေးမှူး ဒေါ်ရီရီစန်းက ဆိုသည်။

No comments:

Post a Comment