Pages

Monday, September 16, 2013

မိုးညှင်းတွင် မူးယစ်ဆေးဝါးများ ပိုက်စိတ်တိုက် ရှာဖွေမှုများ ဆောင်ရွက်နေ

16.9.2013

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းနေကြသော အိမ်များသို့ သက်ဆိုင်ရာများမှ ပိုက်စိတ်တိုက် ရှာဖွေအရေးယူမှု စတင်နေသဖြင့် မိုးညှင်းမြို့ပေါ်ရှိ ရပ်ကွက်အချို့မှ နေအိမ်များအား သတင်းအရ ရှာဖွေစစ်ဆေးခဲ့ကြကြောင်း မူးယစ်တပ်ဖွဲ့မှ သိရသည်။
မိုင်းညှင်းသားဖြစ်သည် ကချင်ပြည်နယ် ၀န်ကြီး ဦးညွှန့်အောင်၏ တိုက်တွန်းညွှန်ကြားချက်အရ မြစ်ကြီးနားအထူးမူးယစ်များများမှ မိုးညှင်းသို့ လာရောက်ဆောင်ရွက်ခဲ့ကြကြောင်း ၀န်ထမ်းတစ်ဦးထံမှ သိရသည်။
မိုးညှင်းမြို့ပေါ်တွင် စက်တင်ဘာလ ၁၃ ရက်နေ့ တစ်နေ့တည်းဖြင့် မူးယစ်မှုနှစ်မှု ဖမ်းဆီးရမိခဲ့သည်။ ၄င်းနေ့ နေ့လည် (၁၂)နာရီတွင် ကချင်ပြည်နယ် မိုးညှင်းမြို့ အောင်သပြေရပ်ကွက် (၂) ရှိ ဦးလမုန်နော်၏ နေအိမ်အား ခရိုင်နယ်ထိန်းအဖွဲ့နှင့် သက်သေများက ရှာဖွေရာ သင်္ဘေဘောပင်အခေါင်းပေါက်အတွင်းဝှက်ထားသော မူးယစ်ဆေးဟု ယူဆရသော အမဲရောင်အစေး (၁၅) ဂရမ်ခန့် ပါသော အထုပ်(၁)ထုပ်၊ မီးဖိုဆောင်အတွင်း ပန်ကန်စင်အောက် ဇကာအတွင်းမှ အလေးချိန် (၁၃)ဂရမ်ပါ အထုပ်(၁)ထုပ် တို့အား ရောင်းချသုံးစွဲရန် တွေ့ရှိသဖြင့် သက်သေများရှေ့တွင် ရှာဖွေသိမ်းဆည်းခဲ့ကြောင်းလည်း သိရသည်။
နေလည် (၁)နာရီတွင် သတင်းအရ သက်သေများနှင့် အတူ သာစည်ရပ်ကွက်ရှိ ဒေါ်မိုးမိုး၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နော်တွဲဆိုသူအား တွေ့ရှိပြီး ရှာဖွေရာ မီးခိုးရောင် ဂျင်းဘောင်ဘီ ယာဘက် နောက်အိပ်ကပ်အတွင်း ပလပ်စတစ်ဖြင့် ထည့်ထားသော WY စာတန်းပါ စိတ်ကြွဆေးပြား (၂၅)ပြား တွေ့ရှိသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကြောင်း ဆက်လက်သိ၇သည်။
ဦးလမုန်နော် (၄၅)နှစ်အား မယ(ပ)၄၇/၂၀၁၃မူး၊ စိတ်၁၅/၁၆(ဂ)/၂၀(က)ဖြင့် ရဲအုပ်ဝါ၀ါကြွယ် မကန(မူးယစ်အထူး)အဖွဲ့မှ တရားလိုပြုလုပ်၍ လည်းကောင်း နော်တွဲ(ခ)သားငယ်အား မယ(ပ)၄၈/၂၀၁၃ မူး စိတ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် ခရိုင်ရဲတပ်ဖွဲ့ ဒုရဲအုပ်မျိုးမင်းဝင်းမှ တရားလိုပြုလုပ်၍လည်းကောင်း မိုးညှင်းတရားရုံးတွင် တရားစွဲဆိုထားကြောင်းသိရသည်။
သီဟအောင် (ကချင်)
The Myanma Age

No comments:

Post a Comment