Pages

Sunday, September 8, 2013

ရှမ်းပြည်နယ်၊ ဆိုက်ခေါင်မြို့အတွင်း မော်တော်ယာဉ် နှစ်စီးပေါ်မှ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

8.9.2013
                                                    ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်

ရှမ်းပြည်နယ် (တောင်ပိုင်း) ဆိုက်ခေါင်မြို့အတွင်း မော်တော်ယာဉ် နှစ်စီးပေါ်မှ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၅ ရက် ည ၈ နာရီခွဲခန့်က ဆိုက်ခေါင်ရဲစခန်း တာဝန်ရှိသူများမှ ဘန်းယဉ်ရဲစခန်း နယ်မြေအတွင်း ပိတ်ဆို့ရှာဖွေမှုများ ဆောင်ရွက်နေစဉ် ကျောင်းချယ်ရွာတောင်ဘက် တစ်မိုင်ခန့်အကွာ တောင်ကြီး-ဆိုက်ခေါင် ကားလမ်းဘေးတွင် ရပ်ထားသည့် အားစီ (ခ) သက်မြင့်ထွန်း မောင်းနှင်လာသည့် ၄ဂ/၈၆၈၈ ဗွီဂို အမျိုးအစား ဖိုးဝှီးနှစ်ခန်းတွဲ အဖြူရောင်နှင့် အစိုင်း (ခ)စိုင်းစိုင်း မောင်းနှင်သည့် ၄ဂ/၆၃၈၁ ဗွီဂို အမျိုးအစား တစ်ခန်းခွဲ ခဲရောင်ယာဉ် နှစ်စီးတို့အား မသင်္ကာသဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

မသင်္ကာသဖြင့် စစ်ဆေးခဲ့သည့် ယာဉ်ပေါ်တွင် အစိုင်း (ခ)စိုင်းစိုင်း (၂၁နှစ်)၊ မိုင်းစိတ်ရွာ၊ နမ့်စန်မြို့။ အားစီ (ခ) သက်မြင့်ထွန်း (၃၃နှစ်) မိုင်းစိတ်ရွာ၊ နမ့်စန်မြို့နှင့်အတူ အမျိုးသမီးတစ်ဦး လိုက်ပါလာသည်ကို တွေ့ရှိစစ်ဆေးနေစဉ် အစိုင်းက ဘောင်းဘီအတွင်းမှ သေနတ်ဖြင့် ထုတ်ချိန်ခဲ့သဖြင့် ၎င်းတို့နှစ်ဦးအား လုံးထွေးဖမ်းဆီးခဲ့ရာ အမေရိကန်နိုင်ငံလုပ် ၃၈ ဗို့ ငါးလုံးထိုး သေနတ်တစ်လက်နှင့် ကျည် ၁၀ တောင့်တို့အား တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးနှင့်အတူ ပါလာသည့် အမျိုးသမီးမှာ ထွက်ပြေးသွားပြီး ၎င်းတို့နှစ်ဦးအား ဘန်းယဉ်ရဲစခန်းသို့ ခေါ်ယူစစ်ဆေး မေးမြန်းပြီး ယာဉ်နှစ်စီးအား ရှာဖွေရာ ယာဉ်အမှတ် ၄ဂ/၆၃၈၈ ယာဉ်၏ ယာဉ်မောင်းထိုင်ခုံနှင့် နောက်ခန်းကြား ပလတ်စတစ်ဖြင့် ထုပ်ထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၈၅၀၀ ပြား၊ ကာလတန်ဖိုး ၈၈၅ သိန်းနှင့်အတူ နောက်ထိုင်ခုံအောက်၌ ဖွက်ထားသော ခေါက်ဒင်ပါ အမ်-၂၂ သေနတ်တစ်လက်၊ ကျည် ၃၀ တောင့်၊ ကျည်အိမ်တစ်ခု၊ လွယ်ကြိုးတစ်ခု၊ ၉၁ ဗုံးသီးတစ်လုံး (ဖျူးပါ)တို့အား စစ်ဆေးတွေ့ရှိ ခဲ့ရသည်။
အမျိုးသမီးတစ်ဦး လိုက်ပါလာသည်ကို တွေ့ရှိစစ်ဆေးနေစဉ် အစိုင်းက ဘောင်းဘီအတွင်းမှ သေနတ်ဖြင့် ထုတ်ချိန်ခဲ့သဖြင့် ၎င်းတို့နှစ်ဦးအား လုံးထွေးဖမ်းဆီးခဲ့ရာ အမေရိကန်နိုင်ငံလုပ် ၃၈ ဗို့ ငါးလုံးထိုး သေနတ်တစ်လက်နှင့် ကျည် ၁၀ တောင့်တို့အား တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း . . . . .

အဆိုပါဖြစ်စဉ်ကို ဘန်းယဉ်နယ်မြေ ရဲစခန်းမှ မယ(ပ)၁၁/၂၀၁၃ မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၂(ခ)/၂၁ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူး ကျော်နိုင်က "ကွင်းဆက်တရားခံတွေနဲ့ ထွက်ပြေးသွားတဲ့ အမျိုးသမီးကို အမြန်ဆုံး ဖမ်းဆီးရမိဖို့အတွက် စုံစမ်းစစ်ဆေး ရှာဖွေနေပါတယ်" ဟု စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။

ထို့အပြင် စက်တင်ဘာ ၅ ရက် နံနက် ၄ နာရီတွင် တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်ကွဲ ကျခမ်းဆောင်ရွာတွင်းနေ အိုက်ဆေ၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့ရာ ကဖင်း ၃၀ ကီလိုဂရမ်၊ ၄၀ မမ ဗုံးသီး ၂၆၅ လုံး၊ AK-၄၇ ကျည် ၁၀၀၀ တောင့်၊ ကျည်အိမ်ခြောက်ခုနှင့် မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့သဖြင့် ကျိုင်းလပ်နယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားပြီး စစ်ဆေးနေကြောင်း သိရသည်။

Eleven

No comments:

Post a Comment