Pages

Monday, September 23, 2013

အမျိုးသမီးတစ်ဦး၏ ပေါင်ပေါ်တွင်အိပ်နေရသလို ခံစားမှုပေးစွမ်းနိုင်သည့် ခေါင်းအုံး ဂျပန်တွင် လူကြိုက်များ




23.9.2013

အမျိုးသမီးတစ်ဦး၏ ပေါင်ပေါ်တွင်အိပ်စက်အနားယူနေရသလို စိတ်ခံစားမှု ပေးစွမ်းနိုင်သည့် ခေါင်းအုံး တစ်မျိုးမှာ စတင်ထုတ်လုပ်ရောင်းချစဉ်ကတည်းက ဂျပန်နိုင်ငံတွင် လူကြိုက်များရေပန်းစားလျက် ရှိကြောင်း သိရသည်။

နာမည်ကျော် အွန်လိုင်းစတိုး Japan Trend Shop မှရောင်းချသည့် ဂျပန်ဘာသာ ဖြင့် ဟီမာဇာကူရာ ဟုခေါ်သော ခေါင်းအုံးမှာ ဂျပန်မလေးတစ်ဦး ဒူးကွေးထိုင်နေသည့်ပုံစံ ဖန်တီးထားပြီး ခေါင်းချလဲလျောင်း လိုက်သည့်အခါ ကျုံ့နိုင်ဆန့်နိုင်သော နူးညံ့သည့်ထိတွေ့မှုနှင့်အတူ တကယ့်အမျိုးသမီးတစ်ဦး ၏ပေါင်ပေါ်တွင် အိပ်စက်အနားယူနေရသလို သက်သောင့်သက်သာ ရှိစေမည်ဖြစ်သည်။ ပလတ် စတစ်ဖော့တစ်မျိုးနှင့်ပြုပ်လုပ်ထားပြီး အဖုံးပါရှိသော အဆိုပါ ခေါင်းအုံးပေါ်တွင် အိပ်စက် လဲလျောင်းခြင်းဖြင့် မိခင် သို့မဟုတ် ချစ်ဇနီး၏ ပေါင်ပေါ်တွင် အနားယူနေရသလို စိတ်ခံစားမှု များ ပေး စွမ်းနိုင် မည်ဖြစ်သည်။

၂၀ဝ၀ ပြည့်နှစ် နှစ်လယ်က Trane Corporation မှ အိမ်လွမ်းနာကျနေသူများနှင့် တစ်ကိုယ်ရေတစ်ကာယ သမား အထီးကျန်ဆန်သူများအတွက် အဓိကထုတ်လုပ်ရောင်းချခဲ့ရာမှ ယနေ့ထိ လူကြိုက်များ ရောင်း အားကောင်းနေ ဆဲဖြစ်သည်။ အဆိုပါ ခေါင်းအုံးကို Japan Trend နှင့် Amazon Japan တို့မှရောင်း ချပေးနေသလို တိုကျိုနှင့် နာရီတာ နိုင်ငံတကာလေဆိပ်ရှိ အကောက်ခွန်လွတ်ဈေးဆိုင်များတွင် လည်း ရောင်းချလျက်ရှိပြီး အများစုက အမှတ်တရ လက်ဆောင်ပေးရန် ဝယ်ယူကြသည်ဟု သိရသည်။

myanmar news media

No comments:

Post a Comment