Pages

Tuesday, September 17, 2013

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်သင်္ဘောအားကြည့်ရှုလေ့လာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စား လှယ် အဖွဲ့သည် ထိုင်းနိုင်ငံ ချွန်ပူရီခရိုင် ဆပ်တာဟိမြို့ရှိ ထိုင်းဘုရင့် ရေတပ်မှ H.T.M.S  ANGTHONG စစ် သင်္ဘောပေါ်သို့ ယမန်နေ့နံနက်ပိုင်းက  တက်ရောက်ကြည့်ရှုလေ့လာ ခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ထိုင်းဘုရင့်ရေတပ်စစ်သင်္ဘောများမှ အမြှောက်(၁၉)ချက် ပစ်ဖောက်၍ ဂုဏ်ပြုခဲ့ကြောင်းသိရသည်။ စစ်သင်္ဘောဧည့်ခန်းမဆောင်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့အားထိုင်း ဘုရင့် တပ်မတော်မှ တာဝန်ရှိသူများက ထိုင်းဘုရင့်ရေတပ်သမိုင်းနှင့် စစ်သင်္ဘောဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြ ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-ထိုင်း နှစ်နိုင်ငံရေပိုင်နက်အတွင်း ကာကွယ်ရေး၊ လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို အကြံပြုဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ဒုတိယကာကွယ်ရေး ဦးစီးချုပ်(ရေ)တို့သည် အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပြန်လည်ပေးအပ်ကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်နှင့်အဖွဲ့ဝင်များသည် စစ်သင်္ဘောအတွင်းလှည့်လည် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်

No comments:

Post a Comment