Pages

Tuesday, September 17, 2013

ဒလိုင်းလားမားနှင့် တွေ့ဆုံမှု ဒေါ်အောင်ဆန်းစုကြည်အပေါ် တရုတ်ငြိုငြင်နိုင်

မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုသည် ချက်ပြည်သူ့သမ္မတနိုင်ငံ ပရော့ခ်မြို့တွင် ကျင်းပသည့် လူ့အခွင့်အရေး စုံညီပွဲတော်အပြီး တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် သီးသန့်တွေ့ဆုံခဲ့သည်ဟု အတည်ပြုခဲ့ရာ တရုတ်နိုင်ငံ၏ အမျက်ဒေါသအား ဆွပေးသကဲ့သို့ ဖြစ်စေလိမ့်မည်ဟု ဖိုရမ်ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

ဘုန်းတော်ကြီး ဒလိုင်းလားမားမှာ ၁၉၅၉ ခုနှစ်တွင် တိဗက်ပြည်နယ်အား တရုတ်အစိုးရမှ အုပ်ချုပ်နေသည်ကို တော်လှန်ရာ မအောင်မြင်ခဲ့သည့်အတွက် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ နိုင်ငံရပ်ခြားတွင် ဂုဏ်သရေရှိလူကြီးများနှင့် ဒလိုင်းလားမားတို့ တွေ့ဆုံခြင်းအပေါ် တရုတ်အစိုးရက ဆယ်စုနှစ်ပေါင်းများစွာ ဆန့်ကျင်ခဲ့ပြီးဖြစ်သည်။

“သူတို့နှစ်ယောက်က လွန်ခဲ့တဲ့ စနေနေ့မှာဆုံတွေ့ခဲ့ကြပါတယ်” ဟု အစည်းအဝေးစီစဉ်သည့် ဖိုရမ် ၂၀၀၀ ဖောင်ဒေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Filip Sebek မှ အေအက်ဖ်ပီသို့ ပြောကြားသည်။ ၎င်းတို့နှစ်ဦးမှာ သီးသန့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက အတည်ပြု ပြောကြားခဲ့သည်။

အောင်မင်းဘာသာပြန်သည်
မဇ္ဈိမ

No comments:

Post a Comment