Pages

Sunday, September 29, 2013

မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် ယာဉ်နှင့်လမ်းစည်းကမ်းအသိပညာပေးပြ ဇာတ်အချပ်ရေတစ်သောင်း အခမဲ့ဝေမည်


29.9.2013

အောက်တိုဘာ ၁ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ပြဇာတ်ခွေအချပ်ရေ တစ်သောင်းကို မန္တလေးသတင်းပုံရိပ်နှင့် ယာဉ်ထိန်းရဲများစုပေါင်းကာ မန္တလေးမြို့ရှိ မီးပွိုင့်များတွင် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။

မန္တလေးမြို့ အထက(၂၆)မှ ကျောင်းသူ၊ ကျောင်းသားများကသူ့တွက်လား၊ ကိုယ့်အတွက်လား အမည်ရှိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပြဇာတ်ခွေများကို မီးပွိုင့်များတွင် ယာဉ်မောင်းများအား အလကားဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ဖြန့်ဝေပေးရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ စာတင်ကာ ခွင့်ပြုချက်ရယူထားကြောင်းနှင့် ခွင့်ပြုချက်ရသည်နှင့် တစ်ပြိုင်နက် ပေးဝေသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“သက်ဆိုင်ရာမှာစာတင်ထားတာ ကျလာတာနဲ့ ပညာရေး ပြဇာတ်ခွေကို အလကားဖြန့်ဖို့ စီစဉ်ထားတယ်”ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ ရုံးမှ ပြောကြားသည်။

၎င်းVCD အချပ်တစ်သောင်းကို UD ကား ထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးခင်မောင်ဝင်းက လှုဒါန်းထားကြောင်းလည်း သိရသည်။

လူလူ
မြန်မာ့ခေတ်

No comments:

Post a Comment