Pages

Thursday, September 19, 2013

ကမ္ဘာ့လူ့ အခွင့်အရေး ကြေညာ စာတမ်း တစ်သိန်း ထပ် ဖြန့်မည်

19.9.2013

မြန်မာ တစ်နိုင်ငံ လုံး သို့ မြန်မာ ဘာသာ ဖြင့် ပြန်ဆို ထားသည့် ကမ္ဘာ့ လူ့အခွင့် အရေး ကြေညာ စာတမ်း တစ်သိန်း ကို ထပ်မံ ဖြန့်ချိမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော် မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ က ပြောကြား သည်။

Raoul Wallenberg Institute of Humanitarian Law အဖွဲ့ ကူညီမှု ဖြင့် အဆိုပါ ကြေညာ စာ တမ်း သုံးသောင်း ကို မေလ အတွင်း က စတင် ဖြန့်ချိ ခဲ့ပြီး ယခု စာတမ်း တစ်သိန်းကျော် ကို ထပ် မံ ဖြန့်ချိမည် ဖြစ်ကြောင်း၊ လူ့ အခွင့်အရေး နှင့် ပတ်သက် ၍ ပြည်သူ များ ကျယ်ကျယ် ပြန့်ပြန့် သိ ရှိ နိုင်အောင် ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာ စာတမ်း များ ကို ဖြန့်ချိခြင်း ဖြစ်ကြောင်း ၎င်းက ဆို သည်။ “လူ့ အခွင့်အရေး ဆိုတာ ဘာမှန်း မသိတာ တွေ အများကြီး ရှိတယ်” ဟု ဦးဝင်းမြ က ထပ် မံ ပြောကြား သည်။

လူ့အခွင့် အရေး ကော်မရှင် သက်တမ်း ၂ နှစ်ကျော် ကာလ အတွင်း တွင် တိုင်စာပေါင်း ၄၀၀၀ေ ကျာ် ရှိ ခဲ့ပြီး ယင်း တိုင်ကြားစာ များ တွင် လယ်မြေ ပြဿနာ အများဆုံး ပါဝင်ကြောင်း မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် ထံမှ သိရှိရ သည်။ မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့် အေ ရး ကော်မရှင် ၏ လုပ်ဆောင်ချက် များ၊ ကြေညာချက် များနှင့် တိုင်စာများ ကို လက်ခံ ရန် www.mnhrc.org.mm ဝက်ဘ်ဆိုက် ကို ဖွင့်လှစ် ထားကြောင်း သိရှိရ ပါသည်။

The Voice

No comments:

Post a Comment