"ဆီးဂိမ်းပြိုင်ပွဲ အတွက် သီချင်းရွေးချယ်မှု အကြောင်း Lခွန်းရီ ရှင်းပြ"
၂ဝ၁၃ ခုနှစ် မြန်မာပြည်တွင် ပြုလုပ်မည့် ဆီးဂိမ်း ပြိုင်ပွဲကို အားကစား
သမား နဲ့ မိဘ ပြည်သူ တစ်ရပ်လုံးက စိတ်ဝင်တစား ရှိကြသလို အနုပညာ ရှင်
များကလည်း မိမိတို့ တတ်စွမ်း တဲ့ အနုပညာ နဲ့ ကျရာ ကဏ္ဍမှာ ဆီးဂိမ်း လှုံ့
ဆော်မှုများကို အင်တိုက် အားတိုက် ပါဝင်ခဲ့ပါ တယ်။ ဆီးဂိမ်း သီချင်း
ရွေးချယ်မှု ပိုင်းမှာ တေးရေး မြင့်မိုးအောင် က ဥက္ကဋ္ဌ အဖြစ် ပါဝင်ပြီး
အဖွဲ့ဝင် ၁၃ယောက် နဲ့ ဖွဲ့စည်းထားပါတယ်။ အဖွဲ့မှာ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့
တေးသံရှင် Lခွန်းရီက ဆီးဂိမ်း သီချင်း နဲ့ ပတ်သက်ပြီး..
“ကိုယ့်နိုင်ငံမှာ လုပ်တယ် ဆိုတော့ ဆီးဂိမ်း သီချင်းကို ပေါက်သီချင်း
လိုချင် တယ်။ ဆီးဂိမ်း များ ရွေးချယ် စီစဉ်ဖန်တီးရေး ကော်မတီ ဆိုပြီး ၁၃
ယောက် နဲ့ ဖွဲ့စည်း ထားတယ်။ ဆရာ မြင့်မိုးအောင်က ဥက္ကဋ္ဌပေါ့။ ဂီတ ကဏ္ဍအစုံ
ထည့်ထားတယ်။ ဝန်ကြီး ဌာနက တောင်းလိုက်တဲ့ တစ်ပြည်လုံး ဆီးဂိမ်း သီချင်း ၉၇
ပုဒ်မှာ ၃ ပုဒ် က ဘောင်မဝင်တော့ ၉၄ ပုဒ်ရတယ်။ ပထမဆုကို သိန်း ၂ဝ၊
ဒုတိယဆုကို ၁၅သိန်း၊ တတိယ ဆုကို ၁ဝသိန်း နဲ့ နှစ်သိမ့်ဆု ၅ သိန်းပေးတယ်။
ဒါပေမဲ့ အန်တီတို့ လိုချင်တဲ့
ပြည်သူလူထုတွေ လိုက်ဆို နိုင် တဲ့ အနေအထားမျိုး ပေါက်သီချင်း မရဘူး
ဖြစ်နေတယ်။ စိတ်တိုင်း မ ကျတော့ ဒုတိယ အကြိမ် ထပ်ခေါ် တယ်။ ပေါက် သီချင်း
လိုချင်တယ်၊ ထပ်လာတယ်။ ၁၇၅ ပုဒ် ရောက်လာတယ်။ စိတ်ကြိုက် ပေါက်သီချင်း
မရပြန်ဘူး။ ဂီတလောကမှာ တကယ့်ပညာရှင် တွေဖြစ်ကြတဲ့ လေးဖြူတို့၊ အငဲတို့
၊ဇော်ဝင်းထွဋ် တို့ကို ခေါ်ပြီးတော့ ရေးကြ ပါလို့ တောင်းဆိုတော့ ဂီတပညာရှင်
အသိုင်းအဝိုင်းက အဆိုရှင်တွေကလည်း သီချင်းတွေ ဆက်ပေး ပါတယ်။ ဒါပေမဲ့ ပေါက်
သီချင်း ပုံစံကို မရပြန်ဘူး။ သီချင်းပုဒ်ရေ ၃ဝ၇ ပုဒ် ရထားတယ်။ EC ကော်မတီက
၃ဝ၇ ပုဒ်ကို ၃၁ ပုဒ်ရွေးတယ်။ ပြီးတော့ ဂီတအစည်းအရုံး ကို ရွေးပေး ဖို့
ပေးလိုက် တဲ့အခါမှာ ၁ဝ ပုဒ်ထွက် လာတယ်။ ၁ဝပုဒ်ကို တိုင်းနဲ့ ပြည်နယ်တွေ
ဆီကို မဲ စောင်ရေ တစ်သောင်း ဖြန့်လိုက်တယ်။ မဲပေး စနစ်မှာ စီဒီ နဲ့ သီချင်း
၁ဝပုဒ်ကို နား ထောင် ခိုင်းပြီးတော့ စိတ်ကြိုက် ရွေးခိုင်းတယ်။ ပြီးတော့
စီဒီကို ပြန်လာပေးရင် ဇီးကွက်ရုပ် သော့ချိတ်ပေးမယ်။ တစ်ခါတည်း ဘယ်သူရမှာလဲ
ဆိုတဲ့ အဖြေ လွှာခန့်မှန်းခိုင်း ပြီး တော့ မဲနှိပ် စနစ်နဲ့ အဖြေ လွှာမှန်တဲ့
သူကို ဆုငွေ ၁ဝ သိန်းပေးမယ် ဆိုပြီး လုပ်လိုက်တယ်။ အခု မျှော်လင့်တာထက်
မဲစောင်ရေ တစ် သောင်းမလောက်လို့ ထပ် ရိုက်ပြီး ပို့ရတဲ့ အဆင့်
ကိုရောက်လာတယ်။ အခု မဲတွေပြန်ရောက် နေလို့ စိစစ်နေပါတယ်” လို့
ပြောပြခဲ့ပါတယ်။
စီဒီ သီချင်း ၁ဝပုဒ်ကို ဗီစီဒီ အဖြစ် ရိုက်ကူးပြီး ပြည် သူတွေ ကြား ဖြန့်ဦးမှာလား၊ ဆုကိုရော ဘယ်နေ့ကြေညာမှာလဲ လို့ မေးကြည့်တော့..
“သီချင်း ၁ဝပုဒ် ကို ဗီစီဒီ ရိုက်ပြီးရင် တရုတ် ကိုပို့မယ်။ ယိုးဒယားကတော့
ကုန်ကျ စရိတ်များ တဲ့ အတွက် ပြန်ရောင်းရင် အခက်အခဲ ဖြစ်မှာ စိုးရိမ် တာနဲ့
တရုတ်ပြည် မှာ လုပ်ပြီး အဲဒီ ဗီစီဒီ သီချင်း ၁ဝပုဒ်ကို ပြည်သူ
ကြားရောက်အောင် လုပ်မယ်။ ကွာလတီ ကောင်းကောင်း နဲ့လုပ် ပြီးရင် မီးပွိုင့်၊
လမ်းတွေမှာ ၅ဝဝကျပ် နဲ့ ရအောင် လုပ်ပေးမယ်။ ပြီးတော့ ပထမဆု၊ ဒုတိယ၊ တတိယ ဆု
အသီးသီးကို ဆီးဂိမ်း ကျင်းပဖို့ ရက်တစ်ရာ အလိုပြည့် တဲ့နေ့မှာ ကြေညာမှာပါ”
လို့ တာဝန်ရှိသူ Lခွန်းရီ က ပြော ပြခဲ့ပါတယ်။
P066
No comments:
Post a Comment