Pages

Monday, September 30, 2013

MANHUNT III ပြိုင်ပွဲ ကျင်းပပြီးစီး

30.9.2013

MANHUNT III ၏ Man of The Year နောက်ဆုံးအဆင့်ပြိုင်ပွဲကို စက်တင်ဘာလ ၂၈ ရက် ညနေ ၅ နာရီတွင် Strand Hotel ၌ ကျင်းပခဲ့သည်။ ယင်းပြိုင်ပွဲကို Myanmar Model Management မှ ကြီးမှူး ကျင်းပခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ရွေးချယ်ထားသည့် မော်ဒယ်အယောက် ၃၀ မှ အဆင့်ဆင့် အကဲဖြတ်ကာ နောက်ဆုံးငါးဦးအား ရွေးချယ်ခဲ့ကြ ခြင်းဖြစ်သည်။

“စက်တင်ဘာ ၂၀ ရက်က Junction Square မှာ လူရွေးပွဲလုပ်တယ်။ အဲဒီမှာ ပြိုင်ပွဲဝင်အယောက် ၃၀ ရွေးခဲ့တယ်။ ဒီပြိုင်ပွဲမှာကျတော့ သတ်မှတ်ထားတဲ့ ယှဉ်ပြိုင်မှုတွေ၊ ဥာဏ်ရည်ဥာဏ်စွမ်းတွေကြည့်ပြီး ရွေးချယ်ခဲ့ကြတယ်။ ဒီပြိုင်ပွဲက ဆုရရှိတဲ့သူတွေကို ကျွန်တော်တို့အနေနဲ့ မီဒီယာတွေရဲ့ စာမျက်နှာထက်မှာ ပါဖို့ ပံ့ပိုးပေးသွားမှာပါ။ သူတို့တွေရဲ့ တိုးတက်မယ့်လမ်းတွေကို ကျွန်တော်တို့ ရှာဖွေကူညီပေးသွားမှာပါ” ဟု Myanmar Model Management မှ ကိုဌေးမင်းထွန်းက ပြောသည်။

ပြိုင်ပွဲတွင် ပထမဆုကို နေ၀င်းက ဆွတ်ခူးရရှိပြီး ဆုငွေ ကျပ် ၁၅ သိန်းအားပေးအပ်ချီးမြှင့်ခဲ့သည်။ ဒုတိယဆုကို ကျော်ကိုကိုဝေက ရရှိခဲ့ပြီး ဆုငွေ ကျပ် ၁၀ သိန်းအားလည်း ကောင်း၊ တတိယဆု ကိုထွန်းနိုင်ဦးက ရရှိပြီး ဆုငွေ ကျပ်ငါးသိန်းကို အသီးသီးရရှိခဲ့ကြ သည်။ ဒါ့အပြင် အခြားနှစ်သိမ့်ဆု နှစ်ဆုကိုလည်း ပေးအပ်ခဲ့သည်။

ယခုနှစ်ကျင်းပသည့် MANHUNT III ပြိုင်ပွဲတွင် ဒိုင်လူကြီးများအဖြစ် မစ္စတာဘရိုင်ယန်(Plan-B)၊ ဦးဝင်းငြိမ်း (ရွှေအမြုတေ)၊ ဒေါက်တာနုမြတ်သိင်္ဂီဦး၊ ရန်အောင်၊ သန္တာလှိုင်၊ စမိုင်း၊ မစ္စတာ တက်နက်ကွန်၊ ဒီဇင်ဘာနှင်း၊ အန်တီဂျစ်တူးနှင့်ကိုရန်နိုင်ထွန်းတို့က ဆောင်ရွက်ခဲ့ကြသည်။

Mizzima - News in Burmese

No comments:

Post a Comment