30.9.2013
တေးသံရှင် သားစိုး တည်ထောင်ဖွင့်လှစ်ထားသော ရွှေပိုးနန်းတော် ပိုးထည်ပစ္စည်းများ အရောင်းမှ ကျင်းပသည့် Miss ရွှေပိုးနန်းတော် 2013 ရွေးချယ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ Park Royal Hotel တွင် စက်တင်ဘာလ ၂၉ရက်နေ့ကပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားတွင် တေးသံရှင်များက တေးသီချင်းများ
သီဆိုဖျော်ဖြေခြင်း၊ Five Star လူရွှင်တော်အဖွဲ့မှ ဟာသများဖြင့် ဖျော်ဖြေခြင်း၊ နာမည်ကြီး မော်ဒယ်လ်များ သရုပ်ဆောင်များက ရွှေပိုးနန်းတော်မှ ပိုးထည်စများဖြင့် ချုပ်ထားသော အဝတ်အထည်များအား ဆင်ယင်ပြသခြင်းများ ပြုလုပ်ခဲ့ကြသည်။
ယင်းနောက် ပါဝင်ယှဉ်ပြိုင်ကြသူများအား မဲပေးဆုံးဖြတ်ကြပြီး Miss ရွှေပိုးနန်းတော်ဆု၊ မမ ရွှေပိုးနန်းတော်ဆု၊ Miss Internet ဆုနှင့် နှစ်သိမ့်ဆုများ ရွေးချယ်ချီးမြှင့်ပေးခဲ့သည်။
The Myanma Age









No comments:
Post a Comment